ရေဖြူမြို့ အထက်တန်းကျောင်းအတွင်း ဗုံးပေါက်ကွဲ

By ကိုရွှေမြိတ်
01 April 2022
ရေဖြူမြို့ အထက်တန်းကျောင်းအတွင်း ဗုံးပေါက်ကွဲ

ဧပြီ ၁

ထားဝယ်ခရိုင်၊ ရေဖြူမြို့ရှိ အထက်တန်းကျောင်း အတွင်း ယနေ့ ဧပြီလ ၁ ရက် မနက် ၈ နာရီခွဲတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီ ကျင်းပနေသည့် တက္ကသိုလ်ဝင် စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ် ဘာသာ ဖြေဆိုမည့် ကျောင်းသားများ စာမေးပွဲ အခန်းသို့ ဝင်ရောက်ရန် ပြင်ဆင်ချိန် ကျောင်း‌ဆောင် အနီး ပေါက်ကွဲသံ ထွက်ပေါ်ခဲ့သည်ဟု ဒေသခံက ပြော သည်။

"ပေါက်ကွဲသံတော့ တော်တော် ကြမ်းတယ်၊ ထိတ်တလန့်တော့ ဖြစ်ကုန်သွားတယ်၊ ထိခိုက်မှုတော့ မရှိဘူး" ဟု ရေဖြူမြို့ခံက ဆိုသည်။

အဆိုပါ အထက်တန်းကျောင်း အနီးတွင် မီးသတ်၊ ရဲနှင့် စစ်တပ် လုံခြုံရေး ယူထားသည်။

ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်က ပစ်ခတ်မှု ပြုလုပ်ခဲ့ပြီး စာသင်ကျောင်း အနီးရှိ နေအိမ်များကို ဝင်ရောက် စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

အ.ထ.က ရေဖြူကျောင်းတွင် တက္ကသိုလ်ဝင် စာမေးပွဲဖြေသူ ၉၉ ဦးရှိကြောင်း သိရသည်။

#Mizzima

#ရေဖြူမြို့

#အထက်တန်းကျောင်း

#ဗုံးပေါက်ကွဲ

#စာမေးပွဲ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required