တရုတ်က နိုင်ငံရေးရည်မှန်းချက်များကို ဖြည့်ဆည်းရန် ဆိုက်ဘာတိုက်ခိုက်မှုများကို အရှိန်မြှင့် လုပ်ဆောင်နေ

တရုတ်က နိုင်ငံရေးရည်မှန်းချက်များကို ဖြည့်ဆည်းရန် ဆိုက်ဘာတိုက်ခိုက်မှုများကို အရှိန်မြှင့် လုပ်ဆောင်နေ

တရုတ်နိုင်ငံသည် ဆိုက်ဘာတိုက်ခိုက်မှုအများစုကို လုပ်ဆောင်မှုများတွင် တာဝန်ရှိနေပြီး ယင်းတိုက်ခိုက်မှု များဖြင့် လျှို့ဝှက်ချက်များရယူရန်နှင့် ယင်း၏ နိုင်ငံရေးရည်မှန်းချက်များကို ဖြည့်ဆည်းလိုခြင်းသည် အဓိက လှုံ့ဆော် မှုဖြစ်ကြောင်း ကနေဒါအခြေစိုက် ပညာရှင်အဖွဲ့ဖြစ်သော နိုင်ငံတကာအခွင့်အရေးနှင့် လုံခြုံရေးဖိုရမ် (IFFRAS) က ဖော်ပြခဲ့သည်။

ကမ္ဘာ့အကြီးဆုံး ကုမ္ပဏီပေါင်း ၂၀၏ ထက်ဝက်ကျော်ကို ဆိုက်ဘာလုံခြုံရေး ပံ့ပိုးပေးနေသည့် Crowd strike က တရုတ်သည် ကူးသန်းရောင်းဝယ်ရေးလျှို့ဝှက်ချက်များနှင့် ယင်း၏ နိုင်ငံရေးရည်မှန်းချက်များကို ဖြည့်ဆည်း လိုခြင်းသည် အဓိက လှုံ့ဆော်ချက်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်သည် ကုမ္ပဏီများ၊ တက္ကသိုလ်များ၊ အစိုးရဌာနများ၊ ပညာရှင်အဖွဲ့များနှင့် NGO များအပေါ် ဆိုက်ဘာ တိုက်ခိုက်မှုများ တိုးမြှင့်ပြုလုပ်လာခဲ့သည်။

တရုတ်ဟက်ကာများသည် အမေရိကန်စီးပွားရေးလုပ်ငန်းများနှင့် နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့များကို စိမ့်ဝင်ထိုးဖောက်ရုံသာမက အမေရိကန်၏ ဉာဏပစ္စည်းပိုင်ဆိုင်မှုများကို ခိုးယူရန် လုပ်ဆောင်မှုများလည်း လုပ်ဆောင်ခဲ့ကြောင်း အထောက်အထားများကို အခြေခံ၍ အမေရိကန် အစီရင်ခံစာတစ်ခုတွင် ဖော်ပြထားသည်။

နျူကလီးယားနှင့် ဇီဝလက်နက်များ အထူးသဖြင့် ကူးစက်ရောဂါများ၊ ဆိုက်ဘာတိုက်ခိုက်မှုများနှင့် ရာသီဥတုပြောင်းလဲမှုများ အပါအဝင် အမေရိကန်အတွက် အလားအလာရှိသော အန္တရာယ်များစွာကို အမေရိကန် အမျိုးသား ထောက်လှမ်းရေးနှစ်ပတ်လည် ခြိမ်းခြောက်မှု အကဲဖြတ်ချက်အစီရင်ခံစာတွင် အလေးနက် ဖော်ပြထားသည်။

အစီရင်ခံစာအရ တရုတ်အစိုးရနှင့် ဆက်စပ်နေသော ဟက်ကာများသည် အမေရိကန်ပြည်သူများ၏ နေ့စဉ်ဘဝကို ထိခိုက်စေနိုင်သည့် အတက်ကြွဆုံး ခြိမ်းခြောက်မှုကို ပြုလုပ်နေသည်။

ထောင်နှင့်ချီသော ဆိုက်ဘာတိုက်ခိုက်မှုများကို ခွဲခြမ်းစိတ်ဖြာလေ့လာကြည့်သည့်အခါ ဆိုက်ဘာ တိုက်ခိုက် မှုများ၏ သုံးပုံတစ်ပုံကျော်သည် နည်းပညာကုမ္ပဏီများ အထူးသဖြင့် ဇီဝနည်းပညာကုမ္ပဏီများ၊ ဆေးဝါးနှင့် ကာကွယ်ရေးကဏ္ဍတို့ကို ပစ်မှတ်ထားသည်ဟု ဖော်ပြခဲ့သည်။

သတ္တုတူးဖော်ရေးနှင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ အပါအဝင် အခြားသော ကဏ္ဍများကိုလည်း တိုက်ခိုက်ခဲ့ကြောင်း ပညာရှင်အဖွဲ့မှ ပြောကြားခဲ့သည်။

တရုတ်၏ ဆိုက်ဘာသူလျှိုလုပ်မှုမှ ကာကွယ်ရန်အတွက် Huawei၊ ZTE နှင့် Hikevisionကဲ့သို့သော တရုတ်ကုမ္ပဏီအများအပြားကို အမေရိကန်က ပိတ်ပင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly