ဇွန် ၂၅ ။ ။ သံဃာတော်များဦးဆောင်နေသည့် မဘသ ခေါ် အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့အနေဖြင့် ၎င်းတို့၏ အမြင်သဘောထားများကို ဖြန့်ချိနိုင်ရန် ရေဒီယိုအသံလွှင့်ရုံတည်ထောင်နိုင်ရေးအတွက် ထိုင်းနိုင်ငံမှ National Thai Buddhism and Culture Mass Media Association အဖွဲ့မှ အကူအညီပေးမည်ဟု သိရသည်။
ပြီးခဲ့သည့်ရက်ပတ်အတွင်း ရန်ကုန်မြို့၌ ကျင်းပခဲ့သော နှစ်ရက်ကြာ မဘသအစည်းအဝေးသို့ တက်ရောက်ခဲ့သည့် ထိုင်းသံဃာတော်များက ထိုင်းဘတ်ငွေ တစ်သန်းခွဲ တန်ဖိုးရှိ ရေဒီယိုအသံလွှင့်ဌာနဆိုင်ရာ ပစ္စည်းများကူညီမည်ဟု ကတိပြုခဲ့ကြောင်း အေအက်ပီသတင်းတပုဒ်ကဆိုသည်။
Ref; AFP