သမ္မတရှီ၏ စီးပွားရေး တွေးခေါ်မှုလေ့လာရေးဆိုင်ရာ စာအုပ်များ တရုတ်တွင် ထုတ်ဝေသော

သမ္မတရှီ၏ စီးပွားရေး တွေးခေါ်မှုလေ့လာရေးဆိုင်ရာ စာအုပ်များ တရုတ်တွင် ထုတ်ဝေသော

သမ္မတ ရှီကျင့်ဖျင်၏ စီးပွားရေး အတွေးအမြင် လေ့လာမှုနှင့် ကျင့်ထုံးဆိုင်ရာ စာအုပ် ၂ အုပ်ကို တရုတ်နိုင်ငံတွင် ထုတ်ဝေလိုက်သည်။

ယင်းစာအုပ်များကို Economic Daily ထုတ်ဝေရေးဌာနက တစ်နိုင်ငံသို့ ဖြန့်ချိရန် ထုတ်ဝေခဲ့ခြင်း ဖြစ်ကြောင်း ဆင်ဟွာသတင်းဌာနက မတ်လ ၂၇ရက်တွင် ဖော်ပြခဲ့သည်။

တစ်အုပ်သည် ရှီ၏ စီးပွားရေး အတွေးအမြင်ကို အသေးစိတ်ဖွင့်ဆိုဖော်ပြရန် ၂၀၂၁ခုနှစ်တွင် ထုတ်ဝေခဲ့သော ပြည်တွင်းနှင့် ပြည်ပပညာရှင်များ၏ သီအိုရီ ဆောင်းပါးများ ပါဝင်သော စာအုပ်ဖြစ်သည်။

အခြားတစ်အုပ်သည် တရုတ်နိုင်ငံတစ်ဝန်းရှိ စီးပွားရေးဆိုင်ရာ တွေးခေါ်မှုကို အကောင် အထည်ဖော်မှုနှင့် ပတ်သက်၍ ၂၀၂၁ခုနှစ်က စာတမ်း၏ အတွင်းကျကျ သုတေသနအစီရင်ခံစာများကို စုဆောင်းထားခြင်း ဖြစ်သည်။

ဆောင်းပါးများနှင့် အစီရင်ခံစာများသည် ရှီ၏ စီးပွားရေးဆိုင်ရာ တွေးခေါ်မှု၏ သီအိုရီတန်ဖိုးနှင့် လက်တွေ့ ကျသော စွမ်းအားကို တင်ပြီးနောက် လူမှုအလွှာပေါင်းစုံမှ လူအများ၏ အာရုံစိုက်မှုကို ရရှိခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့သည်။

ဖေဖော်ဝါရီလအစောပိုင်းက တရုတ်ဝိသေသလက္ခဏာများဖြင့် ဆိုရှယ်လစ်တရားဥပဒေစိုးမိုးရေးဆိုင်ရာ သမ္မတ ရှီကျင့်ဖျင်၏ ဆောင်းပါးတစ်ပုဒ်တွင် နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် လုံခြုံရေး၊ ဆန်းသစ်တီထွင်မှု၊ ဒစ်ဂျစ်တယ်စီးပွားရေးနှင့် ဉာဏ်ရည်တုအပါအဝင် အဓိကနယ်ပယ်များတွင် ဥပဒေများကို အားကောင်း ခိုင်မာစေရန် အလေးပေးဖော်ပြခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီ (CCP) ၏ အထင်ကရ မဂ္ဂဇင်း "Qiushi" တွင် သမ္မတက ရေးသားသော "တရုတ်ဝိသေ သလက္ခဏာများဖြင့် ဆိုရှယ်လစ်တရားဥပဒေစိုးမိုးရေး" ခေါင်းစဉ်ဖြင့် ဆောင်းပါးတစ်ပုဒ်ကို ဖော်ပြခဲ့ပြီး ပြည်သူ့ ကျန်းမာရေး၊ ဇီဝလုံခြုံရေး၊ ဂေဟစနစ် ယဉ်ကျေးမှု၊ အန္တရာယ် ကာကွယ်ရေး၊ အရေးကြီးအချက် အလက်များ၊ ကလောက်တွက်ချက်ခြင်းနယ်ပယ်များတွင် ဥပဒေများ အားကောင်းလာစေရန် ဆွေးနွေးထားသည်။

အဆိုပါ ဆောင်းပါးကို ဖေဖော်ဝါရီ ၁၆ ရက်တွင် ထုတ်ပြန်မည်ဖြစ်ကြောင်း ဆင်ဟွာသတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly