“ခွပ်ဒေါင်းသွေးမို့ ရဲရဲနီ အာဏာရှင်ကို ဒူးမထောက်ဘူး” ကလေးမြို့ ပင်မသပိတ် စစ်ကြောင်း

“ခွပ်ဒေါင်းသွေးမို့ ရဲရဲနီ အာဏာရှင်ကို ဒူးမထောက်ဘူး” ကလေးမြို့ ပင်မသပိတ် စစ်ကြောင်း
Photo : CJ

မတ်လ ၃၀ ရက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့ ပင်မသပိတ် စစ်ကြောင်းသည် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ရက်ပေါင်း ၄၁၆ မြောက်အဖြစ် ယနေ့ မတ်လ ၃၀ ရက်တွင် ချီတက် ဆန္ဒပြသည်။

“ခွပ်ဒေါင်းသွေးမို့ ရဲရဲနီ အာဏာရှင်ကို ဒူးမထောက်ဘူး” ဆိုသည့် စာတမ်းကို ကိုင်စွဲပြီး ကြွေးကြော်သံများ ဟစ်ကြွေးကာ ချီတက်ကြသည်။

ကလေးမြို့ ပင်မသပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက် မှ စတင်၍ နေ့စဉ် မပျက်မကွက် ချီတက် ဆန္ဒပြနေခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required