“တောင်တန်းမြေပြန့် အတူချီတက် ဖက်ဆစ်ဝါဒအမြစ်ဖြတ်” ရွာပေါင်းစုံသပိတ် စစ်ကြောင်း ၃၈၅ ရက်မြောက် ချီတက်ဆန္ဒပြ

“တောင်တန်းမြေပြန့် အတူချီတက် ဖက်ဆစ်ဝါဒအမြစ်ဖြတ်” ရွာပေါင်းစုံသပိတ် စစ်ကြောင်း ၃၈၅ ရက်မြောက် ချီတက်ဆန္ဒပြ
Photo : CJ

မတ်လ ၃၀ ရက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ  ကျေးရွာများ စုပေါင်း၍ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြမှု ၃၈၅ ရက်မြောက်အဖြစ် ယနေ့ မတ်လ ၃၀ ရက်နေ့တွင် ချီတက်ဆန္ဒပြကြသည်။

“တောင်တန်းမြေပြန့် အတူချီတက် ဖက်ဆစ်ဝါဒ အမြစ်ဖြတ်” စာတမ်းကိုင်စွဲပြီး နယ်မြေ မငြိမ်သက်မှုများကြားမှ ကြွေးကြော်သံများဟစ်ကြွေး ချီတက်ခဲ့ကြသည်။

ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းနှင့် ယင်းမာပင်မြို့နယ် အရှေ့ခြမ်းရှိ ရွာပေါင်းစုံ သပိတ် စစ်ကြောင်းသည် ၂၀၂၁ ခုနှစ် မတ်လ ၉ ရက်နေ့မှ စတင် ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required