ကျောက်မဲမြို့ စည်ပင်ရုံး လက်လုပ်မိုင်းဖြင့် တိုက်ခိုက်ခံရ

ကျောက်မဲမြို့ စည်ပင်ရုံး လက်လုပ်မိုင်းဖြင့် တိုက်ခိုက်ခံရ

မတ် ၃၀

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲမြို့နယ် ရပ်ကွက် (၇) ရှိ မြို့နယ် စည်ပင်သာယာရေးရုံး ယမန်နေ့ မတ်လ ၂၉ ရက် ညနေ ၄ နာရီခန့်တွင် လက်လုပ်မိုင်းဖြင့် တိုက်ခိုက် ခံရကြောင်း သတင်းရရှိသည်။

"သေချာတော့ မသိဘူး။ အိမ်ထဲမှာ နေတုန်း အသံအကျယ်ကြီး ကြားလိုက်တာပဲ သိတယ်။ ပြီးတော့မှ စည်ပင်ရုံး မိုင်းပစ်ခံရတာတဲ့" ဟု ဒေသခံက ပြောသည်။

စည်ပင်က အခွန်အခ များပြားစွာ ကောက်ခံနေသဖြင့် သတိပေး တိုက်ခိုက်ခြင်း ဖြစ်ကြောင်း ကျောက်မဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြထားသည်။

ကျောက်မဲမြို့နယ် အဝင်အထွက် လမ်းများတွင် စစ်ကောင်စီတပ်က တင်းကျပ်စွာ စစ်ဆေးနေသည့် ကြားမှ ယခုကဲ့သို့ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ကျောက်မဲမြို့တွင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အပြင် SSPP ၊ TNLA စသည့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ လှုပ်ရှားလျက်ရှိသည်။

#Mizzima

#ကျောက်မဲမြို့

#စည်ပင်ရုံး

#လက်လုပ်မိုင်း

#တိုင်းရင်းသားလက်နက်ကိုင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly