ဘိုကလေးမြို့ အမှတ်(၂)ရပ်ကွက်တွင် အုပ်ချုပ်ရေးမှူးနှင့် ဇနီးဖြစ်သူတို့က ခြိမ်းခြောက်ငွေတောင်း(အယ်ဒီတာထံပေးစာ)

ဘိုကလေးမြို့ အမှတ်(၂)ရပ်ကွက်တွင် အုပ်ချုပ်ရေးမှူးနှင့် ဇနီးဖြစ်သူတို့က ခြိမ်းခြောက်ငွေတောင်း(အယ်ဒီတာထံပေးစာ)

မတ် ၂၉

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့၊ အမှတ်(၂)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးလှကျန်နဲ့ သူ့ဇနီးဖြစ်သူ ဒေါ်ခင်ဝင်းက ဒေသခံပြည်သူတွေဆီကနေ ငွေကြေးတောင်းယူနေကြပါတယ်။

ဧည့်စာရင်း တစ်ခါတိုင်ရင် ၅,၀၀၀ ကျပ် ၊ ပင်စင်ထောက်ခံစာ လုပ်ဖို့အတွက်ကို ၁,၀၀၀ ကျပ်၊ ရပ်ကွက်အတွင်း ညကင်း မရစောင့်ဖို့အတွက် တစ်အိမ် ၃,၀၀၀ ကျပ်နှုန်းနဲ့ ငွေတောင်းယူနေတာတွေ လုပ်နေကြတာပါ။

အဲ့ဒီ အုပ်ချုပ်ရေးမှူးဆီမှာ ထောက်ခံစာသွားလုပ်ရင်ဖြစ်ဖြစ်၊ ဧည့်စာရင်းတိုင်ရင်ဖြစ်ဖြစ် ပိုက်ဆံတောင်းနေတာပါ။ ဧည့်စာရင်းတိုင်ရင် တစ်လစာ ဧည့်စာရင်းတိုင်ရမယ်ဆိုပြီး ၅,၀၀၀ ကျပ် တောင်းပါတယ်။ ဘိုကလေးမှာ တစ်ည၊ နှစ်ညပဲအိပ်မယ့် ဧည့်သည်ကိုလည်း ငါးထောင်တောင်းတယ်။ ရပ်ကွက်မှာ တစ်အိမ် တစ်ယောက်အလှည့်ကျ ညကင်းစောင့်ရမယ် ၊မစောင့်နိုင်ရင် သုံးထောင် ပေးရမယ်ဆိုလို့လည်း ပေးနေရပါတယ်။

မီတာမဆောင်တဲ့ နေအိမ်တွေက မီတာပုံးတွေကိုလိုက်လံဖြုတ်သိမ်းမယ်ဆိုပြီး ဘိုကလေးမြို့နယ် ကလျှပ်စစ်ရုံးဝန်ထမ်းတွေနဲ့အတူ အဲ့ဒီအုပ်ချုပ်ရေးမှူးက ရပ်ကွက်နေပြည်သူတွေကို ခြိမ်းခြောက်ပြောဆိုနေတာလည်းရှိပါတယ်။

သူတို့ မတရား ငွေကြေးတောင်းယူနေတာကို မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ဘိုကလေးမြို့ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်များက အရေးယူခြင်း တစ်စုံတစ်ရာမရှိပါဘူး။ အဲဒါကြောင့် မဇ္ဈိမရဲ့ အယ်ဒီတာထံပေးစာက တစ်ဆင့် အများပြည်သူသိရှိစေနိုင်ဖို့ ရေးသားပေးပို့လိုက်ရပါတယ်။

ပြည်သူတစ်ဦး

#အယ်ဒီတာထံပေးစာ

#ဧရာဝတီတိုင်း

#ဘိုကလေးမြို့

#အုပ်ချုပ်ရေးမှူး

#ငွေတောင်း

#စစ်ကောင်စီတပ်ဖွဲ့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly