တရုတ်တွင် ၁၃ နှစ်ကြာ အကျဉ်းချခံခဲ့ရသည့် ထင်ရှားသော တိဗက်စာရေးဆရာကြီး ပြန်လည် လွတ်မြောက်လာ

တရုတ်တွင် ၁၃ နှစ်ကြာ အကျဉ်းချခံခဲ့ရသည့် ထင်ရှားသော တိဗက်စာရေးဆရာကြီး ပြန်လည် လွတ်မြောက်လာ

တိဗက်စာပေလောက၏ ပထမဆုံးသော တိဗက်စာပေဝက်ဘ်ဆိုက်'Chomei' (ဆီမီး) ပူးတွဲ တည်ထောင်သူနှင့် အယ်ဒီတာချုပ် ခွန်ချော့ခ် စီဖယ်ကို တရုတ်အာဏာပိုင်များက ၁၃ နှစ်ကြာ ဖမ်းဆီးထားပြီးနောက် ပြန်လွှတ် ပေးလိုက်သည်။

၂၀ဝ၉ ခုနှစ်က ထိန်းသိမ်းခံခဲ့ရသော စီဖယ်သည် နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားမှုဖြင့် တရားစွဲဆို ခဲ့ရပြီးနောက်ပိုင်းတွင် ထောင်ဒဏ် ၁၅နှစ် ချမှတ်ခံခဲ့ရသည်။

ချမှတ်ခံရသည့် ထောင်ဒဏ် ၁၅နှစ်အနက် ဂန်စုပြည်နယ်တွင် တင်းရှီအကျဉ်းထောင်တွင် ထောင်ဒဏ် ၄ နှစ်ကျခံခဲ့ရပြီး ၂၀၁၃ခုနှစ်၊ သြဂုတ်လတွင် ကျန်းမာရေးအတွက် စိုးရိမ်ဖွယ်ရာ ဖြစ်စေသည့် အနီးနားရှိ

အကျဉ်းထောင်အသစ်သို့ ပြောင်းရွှေ့ခံခဲ့ရကြောင်း လူ့အခွင့်အရေးအဖွဲ့အစည်းတစ်ခုဖြစ်သော Pen International က ထုတ်ပြန်ခဲ့သည်။

ဆိုးရွားသောအခြေအနေများနှင့် ရင်ဆိုင်နေရချိန်တွင် စီဖယ်၏ မိသားစုသည် ၎င်းထံသို့ ၂ လ ၁ကြိမ်သာ သွားရောက်ခွင့်ရခဲ့ပြီး ဖန်သားမျက်နှာပြင်တစ်ခုရှိ အင်တာကွန်တစ်ခုမှတစ်ဆင့်သာ တရုတ်ဘာသာဖြင့် မိနစ် ၃၀ သာ စကားပြောဆိုခွင့်ပြုခဲ့သည်ဟု သတင်းတွင် ဖော်ပြထားသည်။

တိဗက်ဘာသာစကားဖြင့် စကားပြောခွင့်မပြုခြင်းကြောင့် တရုတ်စကားကို နားမလည်သော ၎င်းတို့မိသားစုဝင် များအတွက် အခက်အခဲများစွာ ဖြစ်စေခဲ့သည်။

အထူးသဖြင့် ၎င်း၏ မိခင်မှာ အကျဉ်းကျနေသည့် သားဖြစ်သူနှင့် ဆက်သွယ်၍မရသည့်အတွက် အလွန် စိတ်မ ကောင်းဖြစ်မိကြောင်း Pen International မှ ပြောကြားခဲ့သည်။

တိဗက်ကဗျာဆရာ ကျာချန်ဒီဒရောနှင့် ၂၀ဝ၅ ခုနှစ်တွင် ပူးတွဲဖန်တီးခဲ့သော စီဖယ်၏ ဝက်ဘ်ဆိုက်သည် တိဗက်ယဉ်ကျေးမှုနှင့် စာပေကို မြှင့်တင်ခဲ့ပြီး ဂန္တဝင်နှင့် ခေတ်ပြိုင်တိဘက်အရေးအသားများကို ဖော်ပြ ခဲ့သည်။ ယင်းဝက်ဘ်ဆိုက်ကို တရုတ်အာဏာပိုင်များက အခါအားလျော်စွာ ဆင်ဆာဖြတ်ခြင်း သို့မဟုတ် ပိတ်ခြင်း ပြုလုပ်ခဲ့သည်။

ပညာဆက်လက်သင်ကြားရန် တရုတ်နိုင်ငံသို့ မပြန်လာခင် ၁၉၈၉ခုနှစ်အထိ စီဖယ်သည် အိန္ဒိယတွင် ပြည်ပြေးအဖြစ် နေထိုင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly