နမ္မတူမြို့တွင် လက်နက်ကြီး ပစ်ခတ်သံများ ကြားရ

နမ္မတူမြို့တွင် လက်နက်ကြီး ပစ်ခတ်သံများ ကြားရ

မတ် ၂၉

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့တွင် ယမန်နေ့ မတ်လ ၂၈ရက်နေ့ ည ၇နာရီဝန်းကျင်ခန့်က လက်နက်ကြီး ပစ်ခတ်သံများကြားနေရကြောင်းဒေသခံထံမှ သိရသည်။

နမ္မတူမြို့အခြေစိုက် ခမရ ၂၃၄ တပ်မှ လက်နက်ကြီးပစ်သံများကို ကြားရခြင်းဖြစ်ပြီး ဘော်တွင်းအထက်ဘက် မန်ဘတ်

ရရှားတောင်အနီးရှိ စစ်ကောင်စီတပ်ကို လက်နက်ကိုင်တစ်ဖွဲ့မှ လာရောက်ပစ်ခတ်ရာမှ ထိုနေရာဘက်သို့ လက်နက်ကြီး ပစ်ကူခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။

"လက်နက်ကြီးက သုံးချက်ပစ်တယ်၊ သေနတ်သံတွေက ဘော်တွင်းအထက်က မန်ဘတ် ဘက်ကနေစထွက်လာတာ၊ အဲ့ကသူတို့တပ်က အပစ်ခံရတော့ပြန်ပစ်တာပေါ့၊ အခုတော့ငြိမ်ပါပြီ "ဟုပြောသည်။

ထိုသို့လာရောက်ပစ်ခတ်သည့်အဖွဲ့မှာ KIA တပ်ဖွဲ့ဟု ဒေသခံအချို့က ပြောဆိုနေကြသော်လည်း သီးခြား အတည်ပြုချက် မရရှိသေးပေ။

နမ္မတူမြို့နယ်အတွင်းတွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA),တအာင်းအမျိုးသားတပ်မတော် (TNLA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တို့လှုပ်ရှားလျက်ရှိသည်။

#Mizzima

#ရှမ်းပြည်နယ်မြောက်ပိုင်း

#နမ္မတူမြို့

#လက်နက်ကြီးပစ်ခတ်

#KIA

#TNLA

#SSPP_SSA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly