တရုတ်တွင် ကိုဗစ်-၁၉ ကူးစက်မှုများ ဆက်လက်မြင့်တက်နေ

တရုတ်တွင် ကိုဗစ်-၁၉ ကူးစက်မှုများ ဆက်လက်မြင့်တက်နေ

တရုတ်နိုင်ငံရှိ ပြည်နယ်နှင့် မြို့ကြီး ၂၀ ကျော်တွင် ခရီးသွားလာခွင့် ပိတ်ပင်မှုများနှင့် ပိတ်ဆို့ကန့်သတ်ချက်များ ပြုလုပ်ထားသော်လည်း တရုတ်တွင် ကိုဗစ်-၁၉ ကူးစက်မှုများဆက်လက်မြင့်တက်လျက်ရှိသည်။

ကျီလင်းပြည်နယ်နှင့် ရှန်ဟိုင်းမြို့တို့တွင် ကပ်ရောဂါအခြေအနေ ဆိုးရွားလာနေပြီး ဗိုင်းရပ်စ်ကို ထိန်းချုပ်ရန် အသွားအလာ ပိတ်ဆို့ စီမံထိန်းချုပ်မှုများကို မကြာခဏ ချမှတ်ထားကြောင်း ပြည်တွင်းမီဒီယာများက ဖော်ပြသည်။

ကျီလင်း၊ ဟူပေ့၊ ကွန်တုံပြည်နယ်နှင့် ရှန်ဟိုင်းမြို့ အပါအဝင် ပြည်နယ်နှင့် မြို့ကြီး ၂၀ ကျော်တွင် အခြေအနေ ဆိုးရွားလာခဲ့သည်။

ရှန်ဟိုင်းမြို့ကို လုံးဝပိတ်ဆို့ထိန်းချုပ်ထားပြီး လူအများအပြားသည် အသက်ရှင်ကျန်ရစ်ရန် မနည်းကြိုး ပမ်းနေကြရသည်။

ရှန်ဟိုင်းမြို့ ပူဒေါင်းဧရိယာအသစ်၊ရှန်ချန်မြို့မှ မြို့ခံများသည် အသီးအရွက်ဝယ်ရန် တားမြစ်ဇုန်ကို ကျူးကျော်ထွက်လာကြကြောင်း ဒေသခံမီဒီယာက ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံ အရှေ့မြောက်ဘက် လျောင်နင်းပြည်နယ်၏ မြို့တော် ဆန်းယန်ရှိ အာဏာပိုင်များသည် ဒေသတွင်း ကိုဗစ်ဖြစ်ပွားမှုကို ထိန်းချုပ်ရန် ကြိုးပမ်းသည့်အနေဖြင့် ရပ်ရွာများနှင့် ကျေးရွာများကို မတ်လ ၂၂ရက်တွင် ပိတ်ဆို့သည့် စီမံခန့်ခွဲမှုကို စတင်လုပ်ဆောင်ခဲ့သည်။

မတ်လ ၂၁ရက်အထိ၊ ဆန်ယန်းမြို့တွင် နောက်ဆုံးကူးစက်မှုအဖြစ် အတည်ပြုလူနာ ၉၄ ဦးနှင့် ရောဂါ လက္ခဏာမပြသော ကူးစက်သူ ၁၄၇ ဦး အပါအဝင် ပြည်တွင်းကူးစက်ခံရသူ ၂၄၁ ဦးကို စာရင်းရရှိခဲ့ကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြခဲ့သည်။

တရုတ်သည် နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ကူးစက်မှု မြင့်တက်နေချိန်တွင် ထိန်းချုပ်ကာကွယ်ရန် ဖိအားများကို ပိုမို ရင်ဆိုင်နေရသည်။

တရုတ်အမျိုးသားကျန်းမာရေးကော်မရှင် (NHC) က ယင်း၏ ထိန်းချုပ်မှုအစီအမံများကို ဖြေလျှော့ပေးသည့် လမ်းညွှန်ချက်အသစ်များကို ထုတ်ပြန်ပြီးနောက် ရက်ပိုင်းအကြာတွင် တရုတ်သမ္မတ ရှီကျင့်ဖျင်က တရုတ် အစိုးရသည် ကိုဗစ်-၁၉ လုံးဝမဖြစ်ရေးမူဝါဒကို ဆက်လက် ကျင့်သုံးသွားမည်ဟု ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly