ထားဝယ်ခရိုင် သပိတ်စစ်ကြောင်း၌ ကျဆုံးခဲ့သူများကို အောက်မေ့ဖွယ် ဆီမီးထွန်းဆုတောင်း

ထားဝယ်ခရိုင် သပိတ်စစ်ကြောင်း၌ ကျဆုံးခဲ့သူများကို အောက်မေ့ဖွယ် ဆီမီးထွန်းဆုတောင်း
Photo : CJ

မတ်လ ၂၈ ရက်

ထားဝယ်ခရိုင် ပင်မ သပိတ်စစ်ကြောင်းကို စစ်ကောင်စီတပ်က အကြမ်းဖက် ဖြိုခွင်းခဲ့မှု၌ ပြည်သူ လေးဦး ကျဆုံးခဲ့ခြင်း ၃၉၅ ရက်မြောက် အောက်မေ့ဖွယ် ဆီမီးထွန်း ဆုတောင်းခြင်းကို ယနေ့ မတ်လ ၂၈ ရက်နေ့တွင် ရေဖြူမြို့နယ် ကံပေါက်ဒေသ လူငယ်များက ပြုလုပ်ခဲ့သည်။

ယခင်နှစ် ၂၀၂၁ ခုနှစ်  ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ထားဝယ်ခရိုင် ပင်မသပိတ် စစ်ကြောင်းကို စစ်ကောင်စီ တပ်သားများ ပစ်ခတ် ဖြိုခွင်းခဲ့ခြင်းကြောင့်  ကိုဖေသန်း၊ ကိုဗညားအောင်၊ ကိုသန်းဝင်း၊ ကိုလွင်လွင်ဦးတို့ လေးဦး ကျဆုံးခဲ့ပြီး ဖမ်းဆီးခံရသူများနှင့်  ဒဏ်ရာရရှိသူများလည်း ရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required