(၇၇)  ကြိမ်မြောက် ဖက်စစ်တော်လှန်ရေးနေ့ ထိမ်းအမှတ် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒ ထုတ်ဖော်

(၇၇)  ကြိမ်မြောက် ဖက်စစ်တော်လှန်ရေးနေ့ ထိမ်းအမှတ် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒ ထုတ်ဖော်
Photo - NLD (OCI) Malaysia

မတ်လ ၂၇ ရက်

၂၇ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေမလေးရှား) မှ အလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် မလေးရှားရောက် မြန်မာ ဒီမိုကရေစီအရေးလှုပ်ရှားသူများ စုပေါင်း၍ (၇၇)  ကြိမ်မြောက် ဖက်စစ်တော်လှန်ရေးနေ့ ထိမ်းအမှတ် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒ ထုတ်ဖော် တစ်ရပ်ကျင်းပခဲ့ကြသည်။

အဆိုပါ ဆန္ဒထုတ်ဖော် ပွဲတွင် စစ်အာဏာရှင်နှင့် ဖက်စစ် စစ်တပ်အားအလိုမရှိကြောင်း ကြွေးကြော်သံများ ဟစ်ကြွေးခြင်း ၊ "ကမ္ဘာမကြေဘူး" သီခြင်းအား သံပြိုင်ဟစ်ကြွေးခြင်း နှင့် မလေးရှားနိုင်ငံဆိုင်ရာ  ဖက်စစ် စစ်တပ် လက်အောက်ခံ မြန်မာသံရုံးအား  အိတ်ဖွင့်ပေးစာ ဖတ်ကြားခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။

မြန်မာစစ်တပ်သည် ဖက်စစ်သန္ဓေနှင့် ပေါက်ဖွားခဲ့ခြင်းဖြစ်သည်။

"မြန်မာစစ်တပ်ဟာ ဖက်စစ်သန္ဓေပါလာတယ်၊ ဒါကြောင့် တစ်နေ့မှာ ပြည်သူကို အကြီးအကျယ်ဒုက္ခ ပြန်ပေးလိမ့်မည် "ဟု  သခင်စိုးမှ မှတ်ချက်ပေးခဲ့ဖူးသည်။

၎င်းမှတ်ချက်ပေးခဲ့မှုအတိုင်း ၁၉၆၂ ၊ ၁၉၈၈ ၊ ၂၀၀၇ ၊ ၂၀၂၁ ခုနှစ် တို့တွင် ဖက်စစ် သန္ဓေ   နှင့် မြန်မာ စစ်တပ် သည် ပြည်သူကို ရန်သူလိုသဘော၍ လူမဆန် စွာ ဥပဒေ မဲ့ သတ်ဖြတ်နေသည်ကို ကမ္ဘာ သိပင်ဖြစ်သည်။

ထို့ကြောင့် မြန်မာဖက်စစ် စစ်တပ်အား  အမြစ်ပြတ် ချေမှုန်း၍ ဒီမိုကရေစီ စစ်တပ် တစ်ရပ် ပြန်လည်ဖွဲ့စည်းနိုင်ရေးသည်  မြန်မာနိုင်ငံသားတိုင်၏ သမိုင်းပေးတာဝန် တစ်ရပ် ဖြစ်လာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required