သာကေတ (၉) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဗုံးပေါက်

သာကေတ (၉) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဗုံးပေါက်

မတ်လ ၂၇ ရက်

ရန်ကုန်တိုင်း၊ သာကေတမြို့နယ် (၉) ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး အတွင်း ယနေ့ မတ်လ ၂၇ ရက် နေ့လည် ၂ နာရီ ၄၆ မိနစ်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း Thaketa s Urban Guerrilla Force မြို့ပြ ပြောက်ကျားအဖွဲ့က ထုတ်ပြန်သည်။

စစ်ကောင်စီ၏ တပ်မတော်နေ့အား ဂုဏ်ပြု၍ ဖောက်ခွဲခြင်းဖြစ်ပြီး ထိခိုက်မှု မသိရှိရသေးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့အပြင် ဧည့်စာရင်းနှင့် ထောက်ခံစာ ဆက်လက်မ မပြုလုပ်ရန်နှင့် စစ်ကောင်စီ၏ လက်ပါးစေ ထောက်တိုင်များအား ပြောက်ကျားနည်းဖြင့် တိုက်ခိုက်မည်ဖြစ်၍ ပြည်သူများ စစ်ကောင်စီတပ်ရှိရာ နေရာများသို့ သွားလာမှု မပြုလုပ်ရန် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required