“ဖက်ဆစ်ဝါဒ အမြစ်ဖြတ်ကြ”  မုံရွာ - အမြင့် လမ်းဘေးကျေးရွာက စစ်အာဏာရှင် ဆန့်ကျင်သပိတ်

“ဖက်ဆစ်ဝါဒ အမြစ်ဖြတ်ကြ”  မုံရွာ - အမြင့် လမ်းဘေးကျေးရွာက စစ်အာဏာရှင် ဆန့်ကျင်သပိတ်
Photo : CJ

မတ်လ ၂၇ ရက်

စစ်ကိုင်းတိုင်း မုံရွာ -အမြင့် လမ်းဘေးရှိ ကျေးရွာ တစ်ရွာ၌ ယနေ့ မတ်လ ၂၇ ရက်နေ့ ၊ တော်လှန်ရေးနေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒ ပြကြသည်။

“ဖက်ဆစ်ဝါဒ အမြစ်ဖြတ်ကြ” စာတန်းကို ကိုင်ဆွဲပြီး စစ်အာဏာရှင်ကို တော်လှန် ဆန့်ကျင် သွေးမအေးကြောင်း ပြသကာ ကြွေးကြော်သံများ သံပြိုင် ဟစ်ကြွေးကြသည်။

ပြည်သူလူထုသည် စစ်အာဏာရှင် လက်အောက်တွင် နေသားကျ မသွားဘဲ ရရာ နည်းမျိုးစုံဖြင့် တော်လှန် ပုန်ကန်နေရန် လိုအပ်ကြောင်းနှင့်  ပြည်သူ ပါဝင်မှု မရှိလျှင် တော်လှန်ရေး အောင်မြင်မည် မဟုတ်ကြောင်း သပိတ် တရားများလည်း ဟောကြသည်။ ထို့ပြင် ကျေးရွာ ပြည်သူ့ကာကွယ်ရေး အဖွဲ့များနှင့် PDF များကို တတ်နိုင်သည့် ဘက်မှ ကူညီထောက်ပံ့ရန် လိုကြောင်းလည်း ဟောပြောကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required