လောင်းလုံးတွင် “ဖက်ဆစ်ဝါဒ အမြစ်ဖြတ်” ချီတက် ဆန္ဒပြ

လောင်းလုံးတွင် “ဖက်ဆစ်ဝါဒ အမြစ်ဖြတ်” ချီတက် ဆန္ဒပြ
Photo : CJ

မတ်လ ၂၇ ရက်

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ယနေ့ မတ်လ ၂၇ ရက် နံနက်ပိုင်းက "တော်လှန်ရေးနေ့" အထိမ်း အမှတ် စစ်အာဏာရှင် စနစ် ဆန့်ကျင်ရေး လူထု လုပ်ရှားမှုအဖြစ် “ဖက်ဆစ်ဝါဒ အမြစ်ဖြတ်” လမ်းလျှောက် ချီတက် ဆန္ဒပြခဲ့ကြောင်း ဦးဆောင်သူ များထံမှ သိရသည်။

အဆိုပါ လှုပ်ရှားမှုတွင် အမျိုးသမီးများ၊ လောင်းလုံး မြို့နယ်လုံး ဆိုင်ရာ အခြေခံပညာ ကျောင်းသားများ သမဂ္ဂ ကျောင်းသူ၊ သားများနှင့် လူငယ်များ ပူးပေါင်း ပါဝင်ခဲ့ကြ သည်ဟု သိရသည်။

"ဖက်ဆစ် စစ်တပ် အမြစ်ဖြတ်" ၊ "တောင်တန်း မြေပြန့် အတူချီတက် ဖက်ဆစ်ဝါဒ အမြစ်ဖြတ်" ဆိုသည့် ကြွေးကြော်သံများ ဟစ်ကြွေးပြီး ဘန်နာများ ကိုင်ဆောင်ကာ ချီတက် ဆန္ဒပြခဲ့ကြောင်း လောင်းလုံး မြို့နယ်လုံး ဆိုင်ရာ အ.က.သ သပိတ် ကော်မတီထံက သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly