ရွာပေါင်းစုံ သပိတ်စစ်ကြောင်းက ကျဆုံးသူရဲကောင်းအတွက် လွမ်းသူ့ပန်းခွေချ

ရွာပေါင်းစုံ သပိတ်စစ်ကြောင်းက ကျဆုံးသူရဲကောင်းအတွက် လွမ်းသူ့ပန်းခွေချ
Photo : CJ

မတ်လ ၂၇ ရက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ ရွာများ စုပေါင်း၍ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြမှု ၃၈၂ ရက်မြောက် အဖြစ် ယနေ့ မတ်လ ၂၇ ရက်နေ့တွင် ချီတက် ဆန္ဒပြကြသည်။

သပိတ်စစ်ကြောင်းသည် ပုသိမ် - မုံရွာလမ်းနှင့် ယာကြီး - ကလေးလမ်းဆုံ ရွှေတောင်ဦးအနီးတွင် စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ၂၀၂၁ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ကျဆုံးခဲ့ရသော အာဇာနည် သူရဲကောင်း ကိုချမ်းမြေ့ကျော် ၏ အုတ်ဂူရှိရာသို့  သွားရောက်၍ ၎င်းကျဆုံးခြင်း တစ်နှစ် အထိမ်းအမှတ် အဖြစ် လွမ်းသူ့ပန်းခွေချကာ အလေးပြု ခဲ့ကြသည်။

ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းနှင့် ယင်းမာပင်မြို့နယ် အရှေ့ခြမ်းရှိ ရွာပေါင်းစုံ သပိတ် စစ်ကြောင်းသည် ၂၀၂၁ ခုနှစ် မတ်လ ၉ ရက်နေ့မှ စတင် ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required