‘’ ဘုံရန်သူ ဖက်ဆစ်တပ် ၊ တော်လှန်ခြင်းနဲ့ အမြစ်ဖြတ်"  မြောက်ဥက္ကလာပမြို့နယ်က စစ်အာဏာရှင် တော်လှန်ရေး

‘’ ဘုံရန်သူ ဖက်ဆစ်တပ် ၊ တော်လှန်ခြင်းနဲ့ အမြစ်ဖြတ်"  မြောက်ဥက္ကလာပမြို့နယ်က စစ်အာဏာရှင် တော်လှန်ရေး

မတ်လ ၂၇ ရက်

“ဘုံရန်သူ ဖက်ဆစ်တပ် တော်လှန်ခြင်းနဲ့ အမြစ်ဖြတ်” ခေါင်းစဉ်ဖြင့် ရန်ကုန် မြောက်ဥက္ကလာပ မြို့နယ်၌ ယနေ့ မတ်လ ၂၇ ရက်နေ့၊ တော်လှန်ရေးနေ့တွင် စစ်အာဏာရှင် တော်လှန်ရေး သပိတ်မှောက် ဆန္ဒ ထုတ်ဖော် ကြသည်။

မြောက်ဥက္ကလာပ မြို့နယ် အတွင်းရှိ ဗကသများ အဖွဲ့ချုပ်ဝင် ကျောင်းသား သမဂ္ဂများက ဦးဆောင်ပြီး ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ် အဖွဲ့အစည်း) (OCTOPUS) နှင့် ပူးပေါင်းကာ သပိတ်မှောက် တော်လှန် ခဲ့ကြခြင်း ဖြစ်သည်။

ဆန္ဒထုတ်ဖော်ရာတွင် “ ဘုံရန်သူ ဖက်ဆစ်တပ် တော်လှန်ခြင်းနဲ့ အမြစ်ဖြတ် ” စာသားပါ ဗီနိုင်း ကိုင်ဆွဲပြီး  ‘’ ပြည်သူအတွက် မဟုတ်တဲ့ တပ်မတော်နေ့ကို ဆန့်ကျင်ကြ ၊ ဖက်ဆစ်စစ်တပ် အမြစ်ဖြတ် “ ဆိုသည့် ကြွေးကြော်သံများကို ကြွေးကြော်ကာ ချီတက် ဆန္ဒ ထုတ်ဖော်ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly