နီပေါ၏ချေးငွေက တရုတ်၏ ခါးပတ်လမ်းရပ်ဝန်းစီမံကိန်းကို ခက်ခဲရှုပ်ထွေးစေဟု ကျွမ်းကျင်သူများဆို

နီပေါ၏ချေးငွေက တရုတ်၏ ခါးပတ်လမ်းရပ်ဝန်းစီမံကိန်းကို ခက်ခဲရှုပ်ထွေးစေဟု ကျွမ်းကျင်သူများဆို

နီပေါ-တရုတ်နယ်စပ်ကို ၂၀၂၀ ခုနှစ်ကတည်းက ပိတ်လိုက်ခြင်းကြောင့်နီပေါ၏ကုန်သွယ်မှုနှင့်စီးပွားရေး ထိခိုက်လျက်ရှိပြီး နယ်နိမိတ်ဖြတ်ကျော် ဟိမဝန္တာဘက်ပေါင်းစုံ ချိတ်ဆက်မှုကွန်ရက်မှတစ်ဆင့် နှစ်နိုင်ငံ စီးပွားရေးအကျိုးအမြတ်ဆိုင်ရာ ပထဝီဝင်နိုင်ငံရေးနှင့်မဟာဗျူဟာအကျိုးစီးပွားများနှင့်စပ်လျဉ်း၍ ပညာရှင်များက မေးခွန်းထုတ်ခဲ့ကြသည်။

BRI နှင့် နီပေါ-တရုတ်ဆက်ဆံရေးဆိုင်ရာ လူမှုပေါင်းစည်းရေးနှင့် ဖက်ဒရယ်ဝါဒစင်တာမှ စီစဉ်ကျင်းပသည့် ဆွေးနွေးပွဲကိုမတ်လ ၂၄ ရက်က ခတ္တမန္ဒူ၌ ကျင်းပခဲ့ပြီး တရုတ်-နီပေါ၏ ဆက်ဆံရေးသည် ချစ်ကြည်ရင်းနှီးမှု‌ သို့မဟုတ် ကုန်သွယ်ရေးမိတ်ဖက်အပေါ်အခြေခံသလားဟု ကျွမ်းကျင်သူများက မေးခွန်းထုတ်ခဲ့ကြောင်း Khabar Hub သတင်းက ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၏ ခရီးစဉ်ရှိသည့်အချိန်တွင်၎င်းဆွေးနွေးပွဲကို ကျင်းပခဲ့ခြင်းဖြစ်သည်။

ဆွေးနွေးပွဲခေါင်းစဉ်များတွင် ခါးပတ်လမ်းရပ်ဝန်းနှင့်ပထဝီနိုင်ငံရေး၊ အန္တရာယ်များနှင့်အခွင့်အလမ်းများ၊ နီပေါ-တရုတ် နယ်စပ်ဖြတ်ကျော်ဆက်ဆံရေးနှင့် နီပေါနှင့်တရုတ်၏ ကုန်သွယ်မှု၊ ဖြတ်သန်းမှုနှင့်ပို့ဆောင်မှုတို့ ပါဝင်သည်။

ထို့ပြင်အမေရိကန်နှင့်တရုတ်တို့ ကျင့်သုံးနေသည့် ကွဲပြားခြားနားသော သံတမန်ရေးရာ ဆန့်ကျင်ဘက်ပုံစံများနှင့် MCC နှင့် BRI နှင့် ပတ်သက်၍ တစ်ဦးကိုတစ်ဦး တားဆီးနေမှုအပေါ်လည်း ဆွေးနွေးခဲ့ကြောင်း Khabar Hub က ဆိုသည်။

နီပေါနိုင်ငံသည် နီပေါနိုင်ငံအရှေ့ပိုင်း ဂျာပါခရိုင်တွင် မကြာသေးမီက BRI ပရောဂျက်ကို ဆန့်ကျင်သည့် ဆန္ဒပြပွဲကြီးများပေါ်ပေါက်ခဲ့ပြီး နိုင်ငံတွင်း တရုတ်စီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှုများအပေါ် ပြည်သူများအကြား မကျေနပ်မှုများနှင့် သံသယများ မြင့်တက်လာခဲ့သည်။

နီပေါတွင် တရုတ်အနေဖြင့် လုံခြုံမှုမရှိတော့သောကြောင့် ဝမ်ယိ၏ခတ္တမန္ဒူခရီးစဉ် အဓိကရည်ရွယ်ချက်မှာ တရုတ်အစိုးရ၏ ပထဝီဝင်နိုင်ငံရေးနှင့် လုံခြုံရေးဆိုင်ရာစိန်ခေါ်မှုများကို ပြန်လည်အကဲဖြတ်ရန်ဖြစ်ကြောင်း တရုတ်တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ခရီးစဉ်အတွင်း နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ခတ္တမန္ဒူရှိ နိုင်ငံရေးအခြေအနေကိုလည်း လေ့လာမည်ဖြစ်ကြောင်း Annapurna Express က ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly