စစ်ကောင်စီကို နည်းမျိုးစုံဖြင့် တုံ့ပြန်ရတော့မည်ဟု KNU တပ်မဟာ ၆ ကြေညာ

စစ်ကောင်စီကို နည်းမျိုးစုံဖြင့် တုံ့ပြန်ရတော့မည်ဟု KNU တပ်မဟာ ၆ ကြေညာ

မတ် ၂၆

ကရင်ပြည်နယ်၊ ကော့ကရိတ်တောင်ပိုင်းနှင့် လေးကေ့ကော်ဒေသများတွင် တပ်မစွဲရန်နှင့် လူထုကိုမနှောက်ယှက်ရန် စစ်ကောင်စီတပ်ကိုအသိပေးခဲ့သော်လည်း အလေးမထားသောကြောင့် နည်းမျိုးစုံဖြင့် တုံ့ပြန်ရတော့မည်ဟု KNU တပ်မဟာ (၆ )မှ ယနေ့ မတ်လ ၂၆ရက်နေ့တွင် ကြေညာလိုက်သည်။

စစ်ကောင်စီတပ်အနေဖြင့်လည်း KNLA နှင့်တပ်ပေါင်းစုများကို​ချေမှုန်းရန် တပ်အင်အားအလုံးအရင်းဖြင့်  ကော့ကရိတ်-မြဝတီလမ်းမကြီးနှင့် မြဝတီ-ဝေါ်လေ လမ်းမကြီးများကိုအသုံးပြုကာ တပ်မဟာ( ၆ ) နယ်မြေအတွင်း တပ်အင်အားများပို့ဆောင်နေကြောင်းဆိုသည်။

အဆိုပါလုပ်ဆောင်ချက်သည် တပ်မဟာ (၆) နှင့် ဒူးပလာယာခရိုင်အတွက် ကြီးမားသည့် စိန်ခေါ်မှုဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

ထို့ကြောင့် ကော့ကရိတ်-မြဝတီလမ်းမကြီးနှင့် မြဝတီ-ဝေါ်လေ လမ်းမကြီးတို့ကို အသုံးပြု၍ ယာဉ်များသွားလာခြင်း၊ ကူးသန်းရောင်းဝယ်ခြင်းတို့ကို ယာယီရပ်ဆိုင်းထားရန် ဆိုသည်။

ယနေ့ကြေညာချက်ကို ပြန်လည်ပယ်ဖျက်သည့် ထုတ်ပြန်ချက် မထုတ်မချင်းအတည်ဖြစ်ကြောင်းနှင့် စစ်ကောင်စီတပ်အနေဖြင့် ပြည်သူကိုခုတုံးလုပ်၍ အကာအကွယ်ယူ အမြတ်ထုတ်ခြင်းမှ ကာကွယ်နိုင်ရန် ပူးပေါင်းပါဝင်ပေးကြပါရန်လည်း KNLA ပူးပေါင်းတပ်မျာမှ မေတ္တာရပ်ခံခဲ့သည်။

ထုတ်ပြန်ချက်ကို လိုက်နာပေးကြရန် တပ်မဟာ ၆ နယ်မြေရှိ KNLA အမှတ် (၁၈)၊ ၂၇၊ ၂၀၁၊ ၁၀၃ တပ်ရင်းများနှင့် KNDO အမှတ် (၆)၊ ၁၇ တပ်ရင်းများနှင့် ကော့ကရိတ်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များမှ အထူးမေတ္တာရပ်ခံကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။

#Mizzima 
#KNU
#တပ်မဟာ၆
#ကြေညာချက်
#KNLA
#ကော့ကရိတ်-မြဝတီလမ်းမကြီး
#မြဝတီ-ဝေါ်လေလမ်းမကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly