ထိုင်ဝမ်ရေလက်ကြားတွင် တရုတ်၏ လုပ်ရပ်များကို စိုးရိမ်ကြောင်း အမေရိကန် ပြောကြား

ထိုင်ဝမ်ရေလက်ကြားတွင် တရုတ်၏ လုပ်ရပ်များကို စိုးရိမ်ကြောင်း အမေရိကန် ပြောကြား

အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်က ထိုင်ဝမ်ရေလက်ကြားတစ်လျှောက် တရုတ်၏ ရန်စသည့် လုပ်ဆောင်မှုများနှင့်ပတ်သက်၍ စိုးရိမ်ပူပန်ကြောင်း ပြောကြားခဲ့ပြီး မတ်လ ၁၄ ရက်တွင် တရုတ်အမျိုးသားလုံခြုံရေးအကြံပေး ယန်ကျဲချီနှင့် ဆွေးနွေးစဉ်အတွင်း စိုးရိမ်ပူပန်မိကြောင်း ပြောကြားခဲ့သည်ဟု ဘိုင်ဒန်အစိုးရအဖွဲ့မှ အကြီးတန်းအုပ်ချုပ်ရေးအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

ရောမမြို့၌ ကျင်းပသည့် ဆွေးနွေးပွဲတွင် ရုရှားနှင့် ယူကရိန်းစစ်ပွဲကို အဓိကထားခဲ့ပြီး ၇ နာရီကြာ အခြေအနေအတိမ်အနက်ပေါ်မူတည်၍ အကြိတ်အနယ် ဆွေးနွေးခဲ့ကြောင်း အဆိုပါအရာရှိက သတင်းထောက်များကို ဖုန်းဖြင့် ပြောကြားခဲ့သည်။

နှစ်ဖက်စလုံးက မြောက်ကိုရီးယား၏ မကြာသေးမီက အရှိန်မြှင့်လုပ်ဆောင်မှုများနှင့် ပဋိပက္ခများမဖြစ်ပွားစေရန် အမေရိကန်နှင့် တရုတ်တို့၏ ပြိုင်ဆိုင်မှုကို စီမံခန့်ခွဲရန် လိုအပ်ကြောင်းကိုလည်း ဆွေးနွေးခဲ့ကြကြောင်း အဆိုပါအရာရှိက ဆိုသည်။

ထိုင်ဝမ်နှင့် ပတ်သက်၍ ဆူလဗန်က ထိုင်ဝမ်ရေလက်ကြားတွင် တရုတ်၏ ဆောင်ရွက်ပုံနည်းလမ်းများနှင့် ရန်စသည့်လုပ်ရပ်များနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများကိုလည်း အလေးထားပြောကြားခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

ထိုင်ဝမ်ဆက်ဆံရေးအက်ဥပဒေကြေညာချက် ၃ စောင်နှင့် အာမခံချက် ၆ ချက်အပေါ် အခြေခံ၍ အမေရိကန်၏ တရုတ်တစ်နိုင်တည်းမူဝါဒကိုလည်း ၎င်းက ထပ်လောင်းပြောကြားခဲ့ပြီး တရုတ်၊ ထိုင်ဝမ်တို့နှင့် အမေရိကန်၏ ဆက်ဆံရေးကို အခြေခံသည့် ကတိကဝတ်များကို ရည်ညွှန်းပြီး ၎င်းက ပြောကြားခဲ့သည်။

အမေရိကန်သည် သံတမန်ရေးအရ အသိအမှတ်ပြုမှုကို ထိုင်ဝမ်မှ တရုတ်သို့ ပြောင်းလဲပြီးနောက် အမေရိ ကန်နှင့် ထိုင်ဝမ်ကြား ကူးသန်းရောင်းဝယ်ရေး၊ ယဉ်ကျေးမှုနှင့် အခြားသော တရားဝင်မဟုတ်သော ဆက်ဆံရေးကို ထိန်းသိမ်းရန် ထိုင်ဝမ်ဆက်ဆံရေးဥပဒေ (TRA) ကို ၁၉၇၉ခုနှစ်တွင် ပြဌာန်းခဲ့သည်။

TRA အရ ထိုင်ဝမ်ကာကွယ်ရေးအတွက် လက်နက်များ အမေရိကန်က ထောက်ပံ့ပေးရမည်ဖြစ်သည်။

အဆိုပါ ကြေညာချက် ၃ စောင်သည် အထူးသဖြင့် ၁၉၇၉ ခုနှစ်တွင် သံတမန်ဆက်ဆံရေး ထူထောင်ပြီးနောက် နှစ်နိုင်ငံဆက်ဆံရေး အခြေအနေကို သတ်မှတ်ရန် ၁၉၇၂၊ ၁၉၇၉နှင့် ၁၉၈၂ ခုနှစ်တွင် အမေရိကန်နှင့် တရုတ်တို့က ထုတ်ပြန်ခဲ့သော ပူးတွဲကြေညာချက်များဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required