တရုတ်နိုင်ငံတွင် ကိုဗစ်-၁၉ ပြည်တွင်းကူးစက်ခံရသူ ၂ ဆတိုးလာပြီး စတင်ဖြစ်ပွားပြီးနောက်ပိုင်း အများဆုံးဖြစ်

တရုတ်နိုင်ငံတွင် ကိုဗစ်-၁၉ ပြည်တွင်းကူးစက်ခံရသူ ၂ ဆတိုးလာပြီး စတင်ဖြစ်ပွားပြီးနောက်ပိုင်း အများဆုံးဖြစ်

တရုတ်နိုင်ငံတွင် ကိုဗစ်-၁၉ ပြည်တွင်းကူးစက်ခံရသူအသစ် ၅,၁၀ဝ ကျော်အထိ ၂ဆတိုးလာကြောင်း အစီရင်ခံတင်ပြခဲ့ရာ ၂၀၂၀ ပြည့်နှစ်အစောပိုင်းတွင် ဝူဟန်မြို့တွင် ရောဂါဖြစ်ပွားပြီးနောက်ပိုင်း တစ်ရက်အတွင်း ကူးစက်မှုအမြင့်ဆုံးသို့ ရောက်ရှိသွားခြင်းဖြစ်သည်။

တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်က မတ် ၁၅ရက်တွင် ရောဂါကူးစက်ခံရသူ ၅,၁၅၄ ဦးကို တွေ့ရှိခဲ့ပြီး ရောဂါလက္ခဏာရှိသူ ၃,၅၀၇ ဦးနှင့် လက္ခဏမရှိသူ ၁,၆၄၇ ဦးဖြစ်သည်။

ရောဂါဖြစ်ပွားမှုများကို နိုင်ငံတစ်ဝန်းတွင် တွေ့ရှိခဲ့သော်လည်း အများစုမှာ လှိုင်း၏ဗဟိုချက်ဖြစ်သည့် အရှေ့မြောက်ပိုင်း ကျီလင်းပြည်နယ်မှ ဖြစ်ကာ ပြည်တွင်းကူးစက်သော ရောဂါလက္ခဏာ ၃၀၇၆ ခု သို့မဟုတ် တစ်နိုင်ငံလုံး စုစုပေါင်း၏ ၉၀ ရာခိုင်နှုန်းနီးပါးဖြစ်သည်။

ပိတ်ဆို့ကန့်သတ်မှုများနှင့်အတူ လူသန်းပေါင်းများစွာ အစုလိုက်အပြုံလိုက် စမ်းသပ်ခြင်းများကြောင့် တရုတ်တွင် ကိုရိုနာဗိုင်းရပ်ဖြစ်ပွားမှုနှင့် သေဆုံးမှုအရေအတွက်ကို နည်းပါးစေသည်။

ပြည်ပမှ ဗိုင်းရပ်စ်ဝင်ရောက်လာခြင်းကို ကာကွယ်ရန် တရုတ်သည် ကမ္ဘာတစ်ဝန်းလုံးမှ လာရောက်ခြင်းကို ပိတ်ပင်ထားသည်။

သို့သော် မတ်လအစမှစတင်၍ တရုတ်တွင် လူပေါင်း ၁၅၀ဝ၀ ကျော် ကိုဗစ်-၁၉ ကူးစက်ခံရပြီး ကျီလင်း၊ ရှန်တုန်၊ ကွမ်တုံနှင့် ဟူပေပြည်နယ်များအပြင် ရှန်ဟိုင်းမြို့တွင် ကူးစက်မှုနှုန်းများလာနေကြောင်း NHC မှ ဆိုသည်။

နိုင်ငံတော်ကောင်စီ၏ ကူးစက်ရောဂါတိုက်ဖျက်ရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ မီဖန်က မတ်လ ၁၅ရက်တွင် ကိုရိုနာဗိုင်ရပ်ကူးစက်ပျံ့နှံ့မှု လျင်မြန်သော်လည်း တရုတ်သည် ယင်း၏ ရောဂါနှိမ်နင်းရေးမဟာဗျူဟာကို ဆက်လက်ကျင့်သုံးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

"ရောဂါဖြစ်ပွားမှုအကြိမ်ရေ သိသိသာသာမြင့်တက်လာပြီး ကူးစက်ခံရသူအရေအတွက် လျင်မြန်စွာတိုးလာကာ ကူးစက်မှုဖြစ်ပွားနေတဲ့ ဧရိယာတွေ ဆက်လက်တိုးလာနေပါတယ်" ဟု မီက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly