"သာတူညီမျှသော လူ့ဘောင်သစ်ဆီသို့"ဆိုသည့် ရန်ကုန်မြို့ပြောက်ကျား သပိတ်

"သာတူညီမျှသော လူ့ဘောင်သစ်ဆီသို့"ဆိုသည့် ရန်ကုန်မြို့ပြောက်ကျား သပိတ်

မတ်လ ၂၅ ရက်

ရန်ကုန်မြို့ တစ်နေရာတွင် ဗမာ့လူငယ်ကွန်ရက် သပိတ်ကော်မတီက ဦးဆောင်၍ ယနေ့မတ်လ၂၅ ရက်မနက်ပိုင်းတွင် ပြောက်ကျားဆန္ဒပြပွဲကို စစ်ကောင်စီ၏ တင်းကျပ်သော အဖမ်းအဆီးများကြားမှပင် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့သည်ဟု ဗမာ့လူငယ်ကွန်ရက်အဖွဲ့ တာဝန်ရှိသူထံက သိရသည်။

"အခုဆို အရပ်ဝတ်တွေက နေရာတိုင်းမှာလေ။ ပွဲတစ်ပွဲလုပ်ဖို့ (Scout)စနည်းနာဖို့ ဆင်းရတာကအစ တပတ်အနည်းဆုံးကြိုဆင်းရတယ်။ ဒီ့အတွက် ဘက်ဂျက်က ပိုကုန်တယ်။ ဘက်ဂျက်ကုန်တာထက် ကျွန်တော်တို့ ပြောက်ကျားတွေကိုက လောလောဆယ်မှာ ဖမ်းမိရင် အသေပဲများတယ်လေ။ အသက်နဲ့ရင်းပြီး ကြောက်စိတ်နဲ့ မြန်မြန်သွက်သွက် လုပ်နေရတာ မလွယ်ဘူးပေါ့ဗျာ။ ဒါပေမဲ့ လူထုဘက်က လက်ခုပ်လက်ဝါးတီး အားပေးတာမျိုး ကျွန်တော်တို့နဲ့အတူ လိုက်ကြွေးကြော်တာမျိုး လုပ်ပေးရင်တော့ အဲ့ကြောက်စိတ်တွေရော ပင်ပန်းတာတွေရော ပျောက်သွားတာပဲ"ဟုဗမာ့လူငယ်ကွန်ရက် အဖွဲ့တာဝန်ရှိသူက ပြောသည်။

"သာတူညီမျှသော လူ့ဘောင်သစ်ဆီသို့" ဟူသည့် ခေါင်းစည်းဘန်နာအတိုင်း ဗမာ့လူငယ်ကွန်ရက် သပိတ်ကော်မတီက(ဗလက)သည် လက်ရှိ Foodpanda ဝန်ထမ်းများ၏ အလုပ်သမားရပိုင်ခွင့် တောင်းဆိုမှုများမှသည် ဗမာပြည်၌ ဖြစ်ပျက်လျက်ရှိသော မည်သည့် မညီမျှမှု၊ မမျှတမှု အားလုံးကိုမဆို လုံးဝလက်သင့်မခံဘဲ အာဏာရှင်စနစ်အား  တွန်းလှန်သွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly