နွားထိုးကြီးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ယာဉ် မိုင်းဆွဲတိုက်ခိုက်ခံရ၍  ထိခိုက်သေဆုံးမှုရှိဟုဆို

နွားထိုးကြီးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ယာဉ် မိုင်းဆွဲတိုက်ခိုက်ခံရ၍  ထိခိုက်သေဆုံးမှုရှိဟုဆို

မတ်လ ၂၅ ရက်

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ဆူးဖြူးကုန်း  ရွာအနီးတွင် စစ်ကောင်စီယာဉ် တစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများရှိကြောင်း Natogyi PDF ပြန်ကြားရေး တာဝန်ခံထံက သိရသည်။

ပဲကြီးခင်းကျေးရွာတွင် တပ်ဆွဲထားသည့် စစ်ကောင်စီတပ်သည်  မတ်လ ၂၅ ရက်နေ့ ညနေ ၅နာရီဝန်းကျင်က ဝက်လူးကျေးရွာဘက်သို့ သွားနေစဉ် မိုင်းဆွဲတိုက်ခိုက်သည်ဟု ၎င်းကဆိုသည်။

“ကျွန်တော်တို့ မိုင်းဆွဲလိုက်တာ၊ သူတို့လာတုန်းက ကားပေါ်မှာက ၁၅ ယောက်ပါတယ်။ မိုင်းဆွဲပြီးတော့ ဝက်လူးရွာ  အဝင်မှာ ကားပေါ်မှာ ထိုင်ပြီးလိုက်လာတာ ငါးယောက်ပဲ ကျန်တယ်။ အဲဒါကြောင့် အနည်းဆုံးတော့ ငါးယောက်အထက် ထိခိုက်သေဆုံးမယ်လို့ တွက်လို့ရတယ်” ဟု နွားထိုးကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

နွားထိုးကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည်  နွားထိုးကြီး မြို့နယ်တွင် ဆိုင်ကယ် နှစ်စီး ဖြင့်ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ကို မတ်လ ၁၇ရက်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံး၍ တပ်ကြပ်အပါအဝင် သုံးယောက်ဒဏ်ရာရမှု ဖြစ်ပွါးခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly