လူမျိုးရေးနှင့်ဘာသာရေးလူနည်းစုများအား ဖိနှိပ်မှုအတွက် တရုတ်အရာရှိများကို အမေရိကန်က ခရီးသွားလာခွင့် ပိတ်ပင်

လူမျိုးရေးနှင့်ဘာသာရေးလူနည်းစုများအား ဖိနှိပ်မှုအတွက် တရုတ်အရာရှိများကို အမေရိကန်က ခရီးသွားလာခွင့် ပိတ်ပင်

တရုတ်နိုင်ငံ ပြည်တွင်းပြည်ပရှိ လူမျိုးရေးနှင့်ဘာသာရေးလူနည်းစုများကို ဖိနှိပ်ရာတွင် ပါဝင်ပတ်သက်‌သော တရုတ်အရာရှိများအပေါ် အမေရိကန်က ဗီဇာကန့်သတ်ချက်များ ချမှတ်လိုက်သည်။

တရုတ်နိုင်ငံနှင့် ပြည်ပနိုင်ငံများတွင် လွတ်လပ်စွာပြောဆိုခွင့်နှင့် ဘာသာရေးဆိုင်ရာ ဖြိုခွင်းမှုတို့တွင် ပါဝင်ပတ်သက်မှုကြောင့် အဆိုပါ တရုတ်အရာရှိများကို အမေရိကန်သို့ သွားလာခွင့် ပိတ်ပင်ထားကြောင်း နိုင်ငံခြားရေးဌာနက ထုတ်ပြန်ခဲ့သည်။

အမေရိကန်အပါအဝင် တရုတ်နိုင်ငံနှင့် ပြင်ပရှိ ဘာသာရေးခေါင်းဆောင်များ၊ တိုင်းရင်းသားလူနည်းစုဝင်များ၊ အတိုက်အခံများ၊ လူ့အခွင့်အရေး ကာကွယ်သူများ၊ သတင်းထောက်များ၊ အလုပ်သမား အရေး ဆောင်ရွက် သူများ၊ အရပ်ဘက် လူ့အဖွဲ့အစည်း စည်းရုံးရေးမှူးများ၊ ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို ဖိနှိပ်ရန် ရည်ရွယ်သော မူဝါဒများသို့မဟုတ် လုပ်ရပ်များတွင် တာဝန်မကင်းသူနှင့် ကြံရာပါသူဟု ယူဆရသူ တရုတ်အရာရှိများအပေါ် ဗီဇာကန့်သတ်ချက်များ ချမှတ်လိုက်ခြင်းဖြစ်သည်။

ကမ္ဘာတစ်ဝှမ်းရှိ လူ့အခွင့်အရေးများကို ကာကွယ်ရန် အမေရိကန်၏ ကတိကဝတ်ကို ထုတ်ဖော် ပြောကြားလျက် ပြည်ပတွင် ခိုလှုံမှုရှာဖွေသူများနှင့် အင်အားနည်းသူများကိုယ်စားပြောဆိုပေးသော အမေရိကန် နိုင်ငံသားများအပါအဝင် လူနည်းစုတိုင်းရင်းသားများနှင့် ဘာသာရေးလူနည်းစုဝင်များကို တရုတ်အရာရှိများက နှောင့်ယှက်ရန်၊ ခြိမ်းခြောက်ရန်၊ စောင့်ကြည့်ရန်နှင့် ပြန်ပေးဆွဲရန် အားထုတ်မှုများကို အမေရိကန်က ကန့်ကွက်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းလုပ်ရပ်များအပေါ် တာဝန်ခံမှုများ မြှင့်တင်ရန် အမေရိကန်က သံတမန်ရေးနှင့် စီးပွားရေးဆိုင်ရာ အစီအမံအားလုံးကို ဆက်လက်အသုံးပြုသွားမည်ဖြစ်ကြောင်း ပြောသည်။

ထို့အပြင် တရုတ်ရှိ မိသားစုဝင်များထံ သွားရောက်ခွင့်ကို ငြင်းပယ်ခြင်းဖြင့် ဝီဂါ အမေရိက န်တက်ကြွလှုပ်ရှားသူများနှင့် အမေရိကန်အတွက်အလုပ်လုပ်ပေးနေသာဝီဂါများကို နှုတ်ပိတ်ရန် ကြိုးပမ်းခြင်း အပါအဝင် နိုင်ငံဖြတ်ကျော် ဖိနှိပ်မှုများ ရပ်တန့်ရန် တရုတ်အစိုးရအား တောင်းဆိုခဲ့သည်။

ရှင်ကျန်းတွင် ဆက်လက်ဖြစ်ပွားနေသော လူမျိုးတုံးသတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ၊ တိဗက်ရှိ ဖိနှိပ်ရေးမူဝါဒများ၊ ဟောင်ကောင်ရှိ အခြေခံလွတ်လပ်ခွင့်များကို နှိပ်ကွပ်မှုများနှင့် နိုင်ငံတွင်းရှိ အခြားနေရာများတွင် ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက်မှုများအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ညှင်းပန်းနှိပ်စက်မှုများကို အဆုံးသတ်ရန်လည်းအမေရိကန်က ထပ်မံ တောင်းဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly