အရာတော်မြို့နယ် အာဏာရှင်ဆန့်ကျင်ရေး ကျေးရွာလူထုသပိတ်စစ်ကြောင်း သို့ မုံရွာပင်မသပိတ်မှလာရောက်ပူးပေါင်း

အရာတော်မြို့နယ် အာဏာရှင်ဆန့်ကျင်ရေး ကျေးရွာလူထုသပိတ်စစ်ကြောင်း သို့ မုံရွာပင်မသပိတ်မှလာရောက်ပူးပေါင်း
Photo : CJ

မတ်လ ၂၃ ရက်

အရာတော်မြို့နယ်လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီအဖွဲ့ဝင်များနှင့်မုံရွာပင်မသပိတ်ဦးဆောင်ကော်မတီအဖွဲ့ဝင်များ ကျေးလက်သပိတ်ခေါင်းဆောင်များတို့ဟာ အရာတော်မြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာသို့သွားရောက်ဦးဆောင်ပြီးမတ်လ၂၃ရက်ညနေပိုင်းအချိန်တွင် စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်း ကျေးရွာလူထုနဲ့အတူချီတက်သပိတ်မှောက်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

"အာဏာရှင်ရှိနေသမျှကာလပတ်လုံး ကျနောတို့တွေဟာ လူ့အခွင့်အရေးအပြည့်ဝရရှိနိုင်မှာ မဟုတ်ပါဘူး။ဒါကြောင့်ပြည်သူလူထုတစ်ရပ်လုံးက ကျနော်တို့နဲ့အတူ လူ့အခွင့်ရေးပြန်လည်ရရှိဖို့ လူမဆန်တဲ့ နှိပ်ဆက်မှုတွေရပ်တန့်ဖို့ အာဏာရှင်ဆန့်ကျင်ရေးလူထုသပိတ်စစ်ကြောင်းတွေမှာ အင်တိုက်အားတိုက် ပူးပေါင်းပေးကြပါ"ဟုလည်း တိုက်တွန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required