ဌာနေတိုင်းရင်းသား အခွင့်အရေးများကို ကာကွယ်မည်ဟု CDF-Zanniatram ဆို

ဌာနေတိုင်းရင်းသား အခွင့်အရေးများကို ကာကွယ်မည်ဟု CDF-Zanniatram ဆို

မတ် ၂၂

ချင်းပြည်နယ် ဖလမ်းမြို့နယ်အတွင်း Zanniat Land ဒေသခံ ဌာနေ တိုင်းရင်းသား များ၏ အခြေခံ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက် သွားမည် ဖြစ်ကြောင်း CDF Zannitram က မတ်လ ၂၀ ရက်နေ့တွင် ထုတ်ပြန်သည်။

“ကျွန်တော်တို့က ကိုယ့်လူမျိုးတွေကို နိုင်ငံရေး နိုးကြား တက်ကြွလာပြီး အခွင့် အရေးတွေ ကာကွယ်နိုင်တဲ့ လူတွေ ဖြစ်နိုင်ဖို့နဲ့ အခြား ကာကွယ်ရေး တပ်ဖွဲ့များနဲ့ ပူးပေါင်း ဆောင်ရွက်ကြဖို့ ရည်ရွယ်ပါတယ်” ဟု CDF- Zannitram အထွေထွေ အတွင်းရေမှူး ဖြစ်သူ J . Zani က မဇ္စျိမ ကို ပြောသည်။

CDF Zannitram ကို ဒေသခံ ပြည်သူများ အားလုံး ညှိနှိုင်းကာ မတ်လ ၁၁ နေ့တွင် ဖွဲ့စည်း တည်ထောင် ခဲ့ခြင်း ဖြစ်ပြီး အဖွဲ့အစည်း မပေါ်ပေါက်မီ ကတည်းက အာဏာသိမ်း စစ်တပ်ကို လက်နက်စွဲကိုင် တော်လှန်ခဲ့ကြသည်ဟု ဆိုသည်။

Zannit မျိုးနွယ်စုများသည် ဖလမ်းမြို့နယ် အရှေ့ပိုင်းနှင့် စစ်ကိုင်းတိုင်း ကလေးမြို့နယ်များတွင် ပျံ့နှံ့ နေထိုင်ပြီး လူဦးရေ ၂၀,၀၀၀ (နှစ်သောင်း) အထက် ရှိကြောင်း ခန့်မှန်းပြောသည်။

ဖက်ဒရယ် ဒီမိုကရေစီ စနစ် ဖြစ်ထွန်းပေါ် ပေါက်လာရေး အတွက် စစ်အာဏာရှင် စနစ်အား တိုက်ခိုက် တွန်းလှန်သွားမည် ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ချင်းပြည်နယ်အတွင်း ရှိသော ချင်းအမျိုးသားတပ်မတော် (CNA) ချင်းလဲန်းပူးပေါင်း ကာကွယ်ရေး ကော်မတီ (CJDC) တို့နှင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ပြီး နိုင်ငံရေး အရ ယုံကြည်ချက် ရည်မှန်းချက် တူသော အဖွဲ့အစည်းများ ၊ ကာကွယ်ရေး တပ်ဖွဲ့များနှင့် ဆက်သွယ် ဆောင်ရွက်သွားမည်ဟု ဆိုသည်။

#Mizzima

#CDF-Zanniatram

#Zannitမျိုးနွယ်စု

#ဌာနေတိုင်းရင်းသား

#JZani

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly