စစ်ပွဲရပ်တန့်ရေးအတွက် ပူတင်နှင့် ‘တွေ့ဆုံဆွေးနွေး’ရန် ဇယ်လန်စကီး အပြင်းအထန် တောင်းဆို 

စစ်ပွဲရပ်တန့်ရေးအတွက် ပူတင်နှင့် ‘တွေ့ဆုံဆွေးနွေး’ရန် ဇယ်လန်စကီး အပြင်းအထန် တောင်းဆို 
Photo - AFP

မတ် ၂၂

ယူကရိန်းက စစ်ပွဲ ရပ်တန့်ရေးအတွက် လိုအပ်ချက်အဖြစ် “မည်သည့် ပုံစံမျိုးနှင့်မဆို” ရုရှသမ္မတ ဗလာဒီမာ ပူတင်နှင့် တွေ့ဆုံဆွေးနွေးရန် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးက တနင်္လာနေ့တွင် အပြင်းအထန် တောင်းဆိုလိုက်သည်။ 

“ဒီလို တွေ့ဆုံဆွေးနွေးမှု မရှိဘူးဆိုရင် စစ်ပွဲရပ်ရေးအတွက် ဘာတွေ အသင့်ဖြစ်နေရမလဲဆိုတာကို အပြည့်အဝ နားလည်သိမြင်နိုင်လိမ့်မှာ မဟုတ်ဘူးလို့ ကျွန်တော် ယူဆတယ်”ဟု ယူကရိန်း ဒေသတွင်းမီဒီယာ Suspilne နှင့် အင်တာဗျူးတွင် ဇယ်လန်စကီးက ပြောသည်။ 

ဇယ်လန်စကီးအနေဖြင့် “စေ့စပ်ညှိနှိုင်းမှု မရှိဘဲ မိမိတို့ စစ်ပွဲကို အဆုံးသတ်နိုင်မည်မဟုတ်”ဟု ယခင်ကလည်း ပြောဆိုဖူးသကဲ့သို့ ပူတင်နှင့် ထိပ်သီးစည်းဝေးရေးအတွက်လည်း တောင်းဆိုခဲ့ဖူးသော်လည်း တနင်္လာနေ့က ပြောဆိုချက်မှာမူ အထူးသဖြင့် မရမက တောင်းဆိုလိုက်ခြင်းပဲ ဖြစ်သည်။ 

ယူကရိန်းအား ဖေဖော်ဝါရီ ၂၄ ရက်တွင် ရုရှက စစ်ရေးအရ အရေးယူချိန်မှစကာ ယူကရိန်း-ရုရှ ဆွေးနွေးပွဲအချို့ကို အွန်လိုင်းဗီဒီယိုမှတစ်ဆင့် ပြုလုပ်ထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required