တရုတ်သံတမန်နှင့် ပါကစ္စတန်နိုင်ငံရေးခေါင်းဆောင်များ တွေ့ဆုံဆွေးနွေး

By Zee5
22 March 2022
တရုတ်သံတမန်နှင့် ပါကစ္စတန်နိုင်ငံရေးခေါင်းဆောင်များ တွေ့ဆုံဆွေးနွေး

ပါကစ္စတန်နိုင်ငံတွင် နိုင်ငံရေး မတည်မငြိမ်အခြေအနေများ ဆက်ရှိနေစဉ် တရုတ် အကြီးတန်း သံတမန်တစ်ဦးသည် မတ်လ ၁၃ ရက်က ပါကစ္စတန် မွတ်ဆလင်အဖွဲ့ချုပ်-Quaid (PML-Q) ၏ ခေါင်းဆောင်များနှင့် တွေ့ဆုံကာ ပါကစ္စတန်၏ လက်ရှိ နိုင်ငံရေးအခြေအနေများကို ဆွေးနွေးခဲ့သည်။

တရုတ်သည် ပါကစ္စတန်ကို ယင်း၏ ‘အရင်းနှီးဆုံး မိတ်ဆွေ’ အဖြစ် ရှုမြင်ပြီး ယင်းနိုင်ငံတွင် ဒေါ်လာ ဘီလီယံများစွာနှင့်ချီ ရင်းနှီးမြှုပ်နှံထားသည်။ ပါကစ္စတန်တွင် အကြမ်းဖက်လိုမှုနှင့် နိုင်ငံရေး ကသောင်းကနင်းဖြစ်မှုတို့ မြင့်တက်လာခြင်းက ထိုရင်းနှီးမြှုပ်နှံမှုအပေါ် ထိခိုက်စေခဲ့သည်။

တရုတ်သံရုံး၏ သံတမန်မစ်ရှင် ဒုတိယအကြီးအကဲ ဖန်ချွန်ရွှီးသည် PML-Q ခေါင်းဆောင်များနှင့် တွေ့ဆုံစဉ် တရုတ်အနေဖြင့် ပါကစ္စတန်တွင် “နိုင်ငံရေးနှင့် စီးပွားရေး တည်ငြိမ်မှု ရှိရေး” ကို လိုလားသည်ဟု ပြောကြားခဲ့ကြောင်း The Express Tribune သတင်းစာက ဖော်ပြသည်။

“ပါကစ္စတန်မှာ နိုင်ငံရေးနဲ့ စီးပွားရေး တည်ငြိမ်မှုရှိတာကို တရုတ်ဘက်က လိုလားပါတယ်” ဟု ချွန်ရွှီးက ပြောခဲ့ကြောင်း PML-Q က ထုတ်ပြန်သည်။

ထို့ပြင် တရုတ်သံတမန် ချွန်ရွှီးသည် အခြားသော PML-Q အကြီးတန်းခေါင်းဆောင်များနှင့်လည်း တွေ့ဆုံခဲ့ပြီး ပါကစ္စတန်ရှိ လက်ရှိ နိုင်ငံရေး အခြေအနေနှင့်ပတ်သက်ပြီး အသေးစိတ် ဆွေးနွေးခဲ့သည်။

ပါကစ္စတန်တွင် ယခုလကုန်ပိုင်းတွင် ပြုလုပ်ရန် ရှိနေသည့် အစိုးရအပေါ် အယုံအကြည် မရှိ အဆိုတင်သွင်းမှု မတိုင်မီ နိုင်ငံရေး မတည်မငြိမ်ဖြစ်မှုများ ဖြစ်ပေါ်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly