အီသီယိုးပီးယားတွင် ဆက်သွယ်ရေး လုပ်ငန်းသုံးစက်ပစ္စည်း မှောင်ခိုကူးမှုဖြင့် တရုတ်အမျိုးသား ထောင်ဒဏ် ၉ နှစ် ချမှတ်ခံရ

By Sudans Post
22 March 2022
အီသီယိုးပီးယားတွင် ဆက်သွယ်ရေး လုပ်ငန်းသုံးစက်ပစ္စည်း မှောင်ခိုကူးမှုဖြင့် တရုတ်အမျိုးသား ထောင်ဒဏ် ၉ နှစ် ချမှတ်ခံရ

အီသီယိုးပီးယားနိုင်ငံမြို့တော် အာဒစ်အာဘာဘာရှိ တရားရုံးက တရုတ်အမျိုးသားတစ်ဦးကို နိုင်ငံအတွင်း ပြင်းထန်စွာတားမြစ်ထားသည့် ဆက်သွယ်ရေးပစ္စည်းများ ခိုးသွင်းရန် ကြိုးပမ်းမှုဖြင့် ထောင်ဒဏ် ၉ နှစ် ချမှတ်ခဲ့ကြောင်း နိုင်ငံ၏တရားရေးဝန်ကြီးဌာနက မတ်လ ၁၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။

တရုတ်နိုင်ငံသား လီနာယောင်ကိုယမန်နှစ်ကBole အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဖမ်းဆီးခဲ့ပြီး မိမိကိုယ်ကို ခုခံကာကွယ်ပြောဆိုရန် တရားရုံးက စီစဉ်ပေးခဲ့‌သော်လည်း ၎င်းက မပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ဆက်သွယ်ရေး လုပ်ငန်းသုံးစက်ပစ္စည်းကို အီသီယိုးပီးယားနိုင်ငံသို့ ခိုးသွင်းခဲ့သော နိုင်ငံခြားသားတစ်ဦးကို ထောင်ဒဏ် ၉ နှစ်နှင့်ငွေဒဏ် ချမှတ်ခဲ့ကြောင်းနှင့် သံသရှိသူသည် ဆက်သွယ်ရေး လုပ်ငန်း ဆိုင်ရာ လိမ်လည်မှုပပျောက်ရေးပြဋ္ဌာန်းချက်များကို ချိုးဖောက်မှုဖြင့်တရားစွဲဆိုခံရခြင်းဖြစ်ကြောင်း တရားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

တရုတ်အမျိုးသားသည် တီထွင်ဆန်းသစ်မှုနှင့်နည်းပညာဝန်ကြီးဌာန၏ ခွင့်ပြုချက်မရှိဘဲ အီသီယိုးပီးယားရှိ Bole အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဝင်ရောက်ခဲ့ကာ 8-SIM နှင့် 16-SIM ကတ်ဂိတ်ဝေးကိရိယာနှစ်ခုကို တင်သွင်းခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တရားခံသည် စွဲချက်အတွက် အပြစ်မရှိကြောင်း ထွက်ဆိုခဲ့သော်လည်း ခုခံချေပခြင်းမလုပ်နိုင်သဖြင့် ထောင်ဒဏ် ၉ နှစ် ချမှတ်ခံရကာ ဒဏ်ငွေ ရူပီးဘီရာ ၅၀ ၀၀၀ ပေးဆောင်ရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အီသီယိုးပီးယား၏ ဆက်သွယ်ရေး လုပ်ငန်းလိမ်လည်တိုက်ဖျက်ရေးကြေညာချက်အရ ဝန်ကြီးဌာန၏ ကြိုတင်ခွင့်ပြုချက်မရယူဘဲ တယ်လီကွန်းပစ္စည်းကိရိယာများ တင်သွင်းခြင်းကို တားမြစ်ထားသည်။ ယင်းပြစ်မှုများသည် ထောင်ဒဏ် ၁၅ နှစ်အထိနှင့် ဒဏ်ငွေ ဘီရာ ၁၅၀၀၀၀ အထိ ချမှတ်နိုင်ကြောင်း ဥပဒေတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly