တနင်္သာရီမြို့နယ် ကိုးအင်းရွာတွင် စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် နေအိမ်များ ပျက်စီး

တနင်္သာရီမြို့နယ် ကိုးအင်းရွာတွင် စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် နေအိမ်များ ပျက်စီး

ကိုရွှေမြိတ်

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် တကူတိုက်နယ်၊ ကိုးအင်းရွာတွင် မတ်လ ၁၉ ရက်နေ့က စစ်ကောင်စီတပ် လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် နေအိမ်များ ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်နှင့် ဘက်မလိုက် ပြောက်ကျားတပ်ဖွဲ့ ကိုးအင်းရွာ အနီး တိုက်ပွဲ ဖြစ်ပွားခဲ့ရာ နေအိမ်များ ပျက်စီးခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံက ပြောသည်။

"စစ်တပ်က ပစ်လို့ နှစ်ထပ် နေအိမ် တစ်လုံး လက်နက်ကြီး ထိပြီး ပျက်စီးသွားပါတယ်၊ နောက်ပြီး လက်နက်ငယ် သေနတ်တွေနဲ့ ပစ်လို့လည်း နေအိမ် သုံးလုံးလည်း ပျက်စီးသွားတယ်" ဟု ၎င်းကပြောသည်။

ပစ်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် နေအိမ်များသို့ စစ်ကောင်စီတပ်ဖွဲ့များ ဝင်ရောက် ထပ်မံ ဖျက်ဆီးကာ ငွေကြေးနှင့် စားနပ်ရိက္ခာများ ယူဆောင်သွားကြောင်း သိရသည်။

#Mizzima

#တနင်္သာရီ

#ကိုးအင်းရွာ

#ဖျက်ဆီး

#လက်နက်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly