ဟိုပင်မြို့နယ် နန့်ရင်းချောင်း အရှေ့ဘက်ကမ်း တိုက်ပွဲ၌ PDF ၅ ဦး ကျဆုံးခဲ့ဟုဆို

By အဂမ် (ကချင်မြေ)
20 March 2022
ဟိုပင်မြို့နယ် နန့်ရင်းချောင်း အရှေ့ဘက်ကမ်း တိုက်ပွဲ၌ PDF ၅ ဦး ကျဆုံးခဲ့ဟုဆို

မတ် ၂၀

ဟိုပင်မြို့ နန့်ရင်းချောင်း အရှေ့ဘက်ကမ်းတွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ပူးပေါင်းတပ်များ တိုက်ပွဲ ဖြစ်ပွားပြီး ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင် ငါးဦး ကျဆုံးခဲ့ကြောင်း ဟိုပင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းနှင့် ပြန်ကြားရေး အဖွဲ့ထံက သိရသည်။

အင်အား ၂၀၀ ခန့် ပါရှိသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ကချင် လွတ်မြောက်ရေးတပ် (KIA) တို့ ဟိုပင်မြို့ နန့်ရင်းချောင်း အရှေ့ဘက်ကမ်းတွင် ယမန်နေ့ မတ်လ ၁၉ ရက် နံနက် ၈ နာရီမှ စ၍ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး စစ်ကောင်စီဘက်က လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့၍ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင် ငါးဦး ကျဆုံးခဲ့ရခြင်း ဖြစ်သည်ဟု ဆိုသည်။

အဆိုပါ စစ်ကောင်စီ စစ်ကြောင်း အထိ နာနေ၍ ရှေ့ဆက် မတိုးနိုင်ခြင်းကြောင့် နယ်မြေခံ စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ယမန်နေ့က လက်နက်ကြီးများဖြင့် ပစ်ကူနေသည်ဟု ဟိုပင်မြို့ ဒေသခံများက ဆိုသည်။

#Mmizzima

#ဟိုပင်မြို့

#နန့်ရင်းချောင်း

#တိုက်ပွဲ

#ဟိုပင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required