တရုတ်၏ ယခုနှစ် GDP တိုးတက်မှု ၅ ဒသမ ၅ ရာခိုင်နှုန်း မရရှိနိုင်

တရုတ်၏ ယခုနှစ် GDP တိုးတက်မှု ၅ ဒသမ ၅ ရာခိုင်နှုန်း မရရှိနိုင်

ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေးဖြစ်သည့် တရုတ်နိုင်ငံသည် ကုန်ထုတ်လုပ်မှု၊ အိမ်ခြံမြေ၊ ပို့ကုန်၊ ငွေကြေး ဖောင်းပွမှုနှင့် စားသုံးသူအသုံးစရိတ်များ ကျဆင်းမှုကြောင့် စီးပွားရေးနှေးကွေးမှုနှင့် ရင်ဆိုင်နေရကြောင်း အစီရင်ခံစာများစွာက ဖော်ပြနေပြီး လက်ရှိဖြစ်ပွားနေသော ယူကရိန်းအကျပ်အတည်းကြောင့် စီးပွားရေးကို နောက်ထပ် ထိခိုက်စေနိုင်သည်။

၂၀၂၂ခုနှစ်အတွက် တရုတ်နိုင်ငံ၏ ဂျီဒီပီတိုးတက်မှု ၅ ဒသမ ၅ ရာခိုင်နှုန်း ရည်မှန်းချက်သည် ဆယ်စုနှစ်များအတွင်း အနိမ့်ဆုံးဖြစ်သည်။

ပိုးလမ်းမသစ်စီမံကိန်း(BRI) ဖွံ့ဖြိုးတိုးတက်ရေးသည် ရေနံစိမ်းဈေးနှုန်းများ မြင့်တက်ခြင်းနှင့် အခက်အခဲများ ကြောင့် တရုတ်၏ စီးပွားရေးကျဆင်းမှုများကို ပိုမိုဆိုးရွားသွားစေသည်ဟု Hong Kong Post က ဖော်ပြခဲ့သည်။

တရုတ်၏ ဂျီဒီပီတိုးတက်မှုသည် ၂၀၂၁ ခုနှစ်တွင် ၈ ဒသမ ၁ ရာခိုင်နှုန်း တိုးတက်ခဲ့သော်လည်း ၂၀၂၂ခုနှစ် တွင် ၅ ဒသမ ၅ ရာခိုင်နှုန်း တိုးတက်ရန် မလွယ်ကူလှပေ။

ပေကျင်းအခြေစိုက် အမေရိကန်ကုန်သည်ကြီးများအသင်း(AmCham) ၏ စစ်တမ်းတစ်ခုအရ တရုတ်နိုင်ငံရှိ ကုမ္ပဏီများ၏ ထက်ဝက်ခန့်သည် ၂၀၂၁ ခုနှစ်တွင် မကြုံစဖူး ဓာတ်အားအကျပ်အတည်းကြောင့် ထုတ်လုပ်မှု စွမ်းရည် သိသိသာသာ ဆုံးရှုံးခဲ့သည်။

ဘဏ်များတွင် ငွေသားနှင့် ဝယ်လိုအား အပ်ငွေများပါဝင်သော ငွေကြေးထောက်ပံ့မှုသည် ၁၉၉၇ ခုနှစ် နောက်ပိုင်း အနိမ့်ဆုံး ဖြစ်ပြီး ဇန်နဝါရီလတွင် ၁ ဒသမ ၉ ရာခိုင်နှုန်း ကျဆင်းခဲ့ခြင်းသည် ကော်ပိုရိတ်အပ်ငွေ ၅ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းမှုကြောင့် ဖြစ်ကြောင်း Hong Kong Post သတင်းတွင် ဖော်ပြထားသည်။

ရေနံစိမ်းဈေးတက်ခြင်းသည် တရုတ်စီးပွားရေးအတွက် နောက်ထပ်ပြဿနာတစ်ခုဖြစ်ကြောင်းလည်း သတင်းတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly