ယူကရိန်းစစ်ပွဲသည် တရုတ်အပေါ် ကြီးစွာ သက်ရောက်နိုင်ဖွယ်ရှိ

By poreg
19 March 2022
ယူကရိန်းစစ်ပွဲသည် တရုတ်အပေါ် ကြီးစွာ သက်ရောက်နိုင်ဖွယ်ရှိ

ကိုဗစ်ရောဂါ အကြိမ်ကြိမ်ဖြစ်ပွားမှုကြောင့် ထောက်ပံ့ရေး၊ ပို့ဆောင်ရေးနှင့် ထုတ်လုပ်မှု လုပ်ငန်းများတွင် အခက်အခဲများ ကြုံတွေ့နေရချိန်တွင် ရုရှား-ယူကရိန်းစစ်ပွဲကြောင့် တရုတ်သည် နောက်ထပ် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရဖွယ်ရှိသည်။

ယူကရိန်းကို ကျူးကျော်မှုတွင် ရုရှားအား ထောက်ခံသူအဖြစ် တရုတ်အား ဆက်လက်ရှုမြင်ပါက အမေရိကန်နှင့် ဥရောသမဂ္ဂအပါအဝင် အနောက်နိုင်ငံ မဟာမိတ်များသည် တရုတ်နည်းပညာ ကုမ္ပဏီများ ကို ပြင်းထန်သော ကန့်သတ်ချက်များ ချမှတ်ကာ တရုတ်ကို ကြီးလေးသော အကောက်ခွန်နှင့် အကောက်ခွန်မဲ့ အတားအဆီးများ ချမှတ်မည်ဖြစ်သည်။

အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်က ရုရှားအား ပိတ်ဆို့အရေးယူမှုများကို ရှောင်လွှဲရန် ကူညီပါက နောက်ဆက်တွဲအကျိုးဆက်များ ခံစားရမည်ဖြစ်ကြောင်း တရုတ်အား မတ်လ ၁၃ တွင် သတိပေး ခဲ့သည်။

ရုရှာ-ယူကရိန်း ပဋိပက္ခကြောင့် ပိတ်ဆို့အရေးယူမှုများသည် တရုတ်ကို သက်ရောက်မှုရှိလာမည်ဖြစ်သည်။

အမေရိကန်အစိုးရ၏ ပို့ကုန်ထိန်းချုပ်မှုသည် အမေရိကန်နည်းပညာကို အသုံးပြုနေသည့် နိုင်ငံအားလုံးမှ ထုတ်လုပ်သည့် ကုန်ပစ္စည်းများနှင့် သက်ဆိုင်သည်။

ထိုင်ဝမ်တစ်ပိုင်းလျှပ်ကူးထုတ်လုပ်သည့်ကုမ္ပဏီ(TSMC) နှင့် ရှန်ဟိုင်းအခြေစိုက် တစ်ပိုင်းလျှပ်ကူး ထုတ်လုပ် သည့်စက်မှုလုပ်ငန်းကော်ပိုရေးရှင်း (SMIC) ကဲ့သို့သော စစ်ဘက်ဆိုင်ရာ ချစ်ပ်ပြားထုတ်လုပ်သူများသည် အချို့သော အစိတ်အပိုင်းများနှင့် ထုတ်လုပ်မှုနည်းပညာများအတွက် အမေရိကန်အား ဆက်လက်မှီခိုနေရသည်။

အဆိုပါအဖွဲ့အစည်းများသည် ရုရှားသို့ ပစ္စည်းများ ဆက်လက် ထောက်ပံ့နေပါက ယင်းတို့သည် အမေရိကန်နည်းပညာကို ရယူခြင်း ပိတ်ဆို့ခံရနိုင်သည်။

“အမေရိကန်၏ တင်းကျပ်သော စည်းမျဉ်းကို ကျင့်သုံးခြင်း” ကြောင့် တရုတ်သည် ဂျပန်၊ တောင်ကိုးရီးယားနှင့် နယ်သာလန်တို့ကဲ့သို့သော အခြားသော အဓိကနည်းပညာ တင်ပို့ ရောင်းချသူများနှင့်လည်း ရင်ဆိုင် ရမည်ဖြစ်သည်။

တရုတ်အစိုးရပိုင်ဘဏ်များသည် အမေရိကန် ဒေါ်လာကို မှီခိုနေရဆဲဖြစ်သောကြောင့် ရုရှားနှင့် ဆက်လက် ကုန်သွယ်မှုအတွက် ပြဿနာများနှင့် ရင်ဆိုင်ရနိုင်သည်။

သို့သော်လည်း တရုတ်နှင့် ရုရှားတို့သည် ယွမ်နှင့် ရူဘယ်ငွေကို အသုံးပြု၍ ယင်းတို့၏ ကုန်သွယ်မှုအများစုကို ဖြေရှင်းနေခဲ့ကြသော်လည်း တရုတ်စီးပွားရေးကို မထိခိုက်ဘဲ မပြုလုပ်နိုင်ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly