ပဲခူး က.ည.န ရုံးတွင် ဗုံးပေါက်ကွဲ

ပဲခူး က.ည.န ရုံးတွင် ဗုံးပေါက်ကွဲ

မတ် ၁၈

ပဲခူးမြို့ (၆) ရပ်ကွက် ပြင်စည်လမ်းမပေါ်ရှိ ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (က.ည.န) ရုံးတွင် ယနေ့ မတ်လ ၁၈ ရက် နံနက် ၅ နာရီခွဲခန့်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ဖောက်ခွဲရတဲ့ အကြောင်းက စကစ (စစ်ကောင်စီ) ရဲ့ ဘဏ္ဍာငွေ ဖြည့်ပေးတဲ့ နေရာ တစ်ခုကို ပြည်သူတွေ လာရောက်ပြီး ကား၊ ဆိုင်ကယ် လိုင်စင်များ ပြုလုပ်နေကြတဲ့ အတွက် သတိပေး ဟန့်တားတာပါ၊ နောက်ပြီး အခု ဖောက်ခွဲတာလည်း ပြည်သူ မထိခိုက် စေလိုတဲ့ အတွက် မနက်ပိုင်းမှာ သတိပေးတဲ့ အနေနဲ့ လုပ်တာပါ” ဟု ပဲခူးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်က ပြောသည်။

အဆိုပါဗုံး ရုံးစည်းရိုးအတွင်း ပေါက်ကွဲသဖြင့် လူထိခိုက်မှု မရှိကြောင်း ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က က.ည.န ရုံးအနီး သာမက ပဲခူးမြို့ နေရာအနှံ့ လမ်းများ ပိတ်ဆို့ ရှာဖွေနေကြောင်း သိရသည်။

၎င်းရုံးတွင် ၂၀၂၁ ခုနှစ် မေလ ၁၇ ရက်နေ့က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ သေးသည်။

#Mizzima

#ပဲခူးမြို့

#က.ည.န

#ဗုံးပေါက်ကွဲ

#ပြည်သူ့ကာကွယ်ရေးတပ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required