တရုတ်က ယူကရိန်းစစ်ပွဲနှင့် ပတ်သက်ပြီး ရုရှားကို ပုံရိပ်မြှင့်တင်ပေးနေ

တရုတ်က ယူကရိန်းစစ်ပွဲနှင့် ပတ်သက်ပြီး ရုရှားကို ပုံရိပ်မြှင့်တင်ပေးနေ

ရုရှားနှင့် ယူကရိန်းတို့အကြား ဖြစ်ပွားနေသည့် စစ်ပွဲနှင့်ပတ်သက်၍ နိုင်ငံတကာ ထိပ်သီး အစည်းအဝေး များနှင့် ပြည်သူလူထုထံထုတ်ပြန်ချက်များတွင် တရုတ်သည် “ကြားနေသဘောထား” ကို ကျင့်သုံး ဟန်ရှိသော်လည်း အစိုးရ၏ ရည်ရွယ်ချက်အမှန်ကို ကမ္ဘာအား ဖုံးကွယ်မထားနိုင်ခဲ့ပေ။

တရုတ်သည် ယူကရိန်းတွင် ရုရှား၏လုပ်ရပ်များကို ရှုတ်ချခြင်းမရှိသလို ငြိမ်းချမ်းရေးအတွက် တွန်းအားပေးသည့်အနေဖြင့် ကြားဝင်ဖျန်ဖြေသူအဖြစ်လုပ်နိုင်ခြေလည်း မရှိပေ။

တရုတ်အစိုးရ၏ ရည်ရွယ်ချက်အစစ်အမှန်ကို မှန်းရခက်ပြီး ၎င်းတို့ ပြည်တွင်းသတင်းဌာနများက ဖော်ပြသော ရုရှားအကြောင်းအရာအများစုမှာလည်း ကွဲပြားခြားနားလျက်ရှိသည်။

လေ့လာဆန်းစစ်မှုတစ်ခုအရ ရုရှား၏ စစ်ဆင်ရေး ပထမ ၈ ရက်အတွင်းတွင် တရုတ်နိုင်ငံပိုင်မီဒီယာများမှ လူမှုမီဒီယာရေးသားမှုပေါင်း ၅ ၀၀၀ နီးပါးမျှကို Weibo ၌ တင်ခဲ့သည်။

ယူကရိန်းဖြစ်ရပ်အကြောင်း မျှဝေမှုအများဆုံး ရေးသားမှုပေါင်း ၃၀၀ ကျော်တွင် တစ်ခုချင်းစီကို အကြိမ် ၁၀၀၀ မက မျှဝေထားကာ ပို့စ်တစ်ဝက်နီးပါး ၁၄၀ ခန့်သည် ရုရှားကိုထောက်ခံသော ရေးသားမှုများ ဖြစ်ကြသည်။ တစ်ခါတစ်ရံတွင် ရုရှားတရားဝင်မီယာ သို့မဟုတ် နိုင်ငံပိုင်မီဒီယာများမှ အချက်အလက်များကို တိုက်ရိုက် ကောက်နုတ်ထားသည်။

ရုရှားသည် ယူကရိန်းတွင် အထူးစစ်ဆင်ရေးတစ်ရပ်ကို ဖေဖော်ဝါရီ ၂၄ ရက်က စတင်ခဲ့သည်။ ရုရှား၏ စစ်ဆင်ရေးအပြီးတွင် အမေရိကန်နှင့် ၎င်း၏ ဥရောပမဟာမိတ်များက ရုရှားကို SWIFT ဘဏ္ဍာရေးစနစ်မှ ဖယ်ရှားလိုက်သည့်အပြင် ရုရှား၏ အဓိကဘဏ်များစွာနှင့် သမ္မတ ဗလာဒီမာပူတင်အပါအဝင် အဆင့်မြင့်အရာရှိကြီးများကို ပစ်မှတ်ထား၍ ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly