ယင်းမာပင်မြို့နယ် ဘန်ဘွေးရွာတွင် စစ်ကောင်စီတပ်နှင့် ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်

ယင်းမာပင်မြို့နယ် ဘန်ဘွေးရွာတွင် စစ်ကောင်စီတပ်နှင့် ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်

မတ် ၁၅

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့ မြောက်ဘက် မုံရွာ-ယာကြီး လမ်းဘေးရှိ ဘန်ဘွေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များ ယမန်နေ့ မတ်လ ၁၄ ရက် ညပိုင်းက တိုက်ပွဲ ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ် ထိခိုက် သေဆုံးမှု များနိုင်ပြီး ဒေသခံ ကာကွယ်ရေးတပ် ဘက်မှ အထိအခိုက် မရှိ ဆုတ်ခွါနိုင်ခဲ့ကြောင်း ကာကွယ်ရေးတပ် ရဲဘော်က ဆိုသည်။

“ကျွန်တော်တို့ ညဦးပိုင်း ကတည်းက စပြီး တိုက်ခဲ့တာဗျ၊။ ၄၀ မမ ၆၀ မမ တွေနဲ့ စပစ်ခဲ့တာဗျ။ ဒီကောင်တွေ နေတဲ့ နေရာတွေကို ထိထိရောက်ရောက် ပစ်နိုင်ခဲ့တာဗျ။ အထိအခိုက် အသေဆုံး ကတော့ များမယ်ဗျ။ ည ၇ ခွဲ လောက်ကတည်းက စပြီး ပစ်တာ။ ည ၁၂ လောက်ထိ ဆိုတော့ တိုက်ပွဲ ကြာချိန်က တော်တော်လေး ကြာသွားတယ်ဗျ။ နောက်မှ န.မ.ခ (အနောက်မြောက်တိုင်း စစ်ဌာနချုပ်) ကနေ စစ်ကူလာတဲ့ ကားတွေ လာတဲ့ သတင်းကြားမှ ကျွန်တော်တို့ ပြန်ဆုတ်ခဲ့ရတယ်ဟု” ၎င်းကဆိုသည်။

ဘန်ဘွေးရွာတွင် စစ်ကောင်စီတပ်များ တပ်စွဲထားပြီး ပျူစောထီး အများပြား ရှိသည့်ရွာ ဖြစ်ကြောင်း သိရသည်။

#Mizzima

#ယင်းမာပင်မြို့နယ်

#ဘန်ဘွေးကျေးရွာ

#တိုက်ပွဲ

#ရုပ်အလောင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required