ကျောင်းသားများအား ဝီဂါ ဘာသာစကားဖြင့်သင်ကြားပေးသည့် ကျောင်းဆရာ ထောင်ဒဏ် ၇ နှစ်ချမှတ်ခံရ

ကျောင်းသားများအား ဝီဂါ ဘာသာစကားဖြင့်သင်ကြားပေးသည့် ကျောင်းဆရာ ထောင်ဒဏ် ၇ နှစ်ချမှတ်ခံရ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်ကျန်းဒေသရှိ ဝီဂါလူမျိုးကျောင်းဆရာတစ်ဦးသည် တရုတ်မူဝါဒကို ချိုးဖောက်ကာ ကျောင်းသားများအား ဝီဂါဘာသာစကားဖြင့် သင်ကြားပို့ချမှုဖြင့် ထောင်ဒဏ် ၇ နှစ် ကျခံနေရကြောင်း ကျောင်းသားဟောင်းနှင့် ရဲအရာရှိတစ်ဦးက ၎င်းကျောင်းဆရာထိန်းသိမ်းခံရပြီးနောက် ၆ နှစ်အကြာတွင် RFA သို့ အတည်ပြုပြောကြားခဲ့သည်။

ကက်ရှ်ဂါ‌ကိုနာရှီဟာကောင်တီ အမှတ် ၁ အထက်တန်းကျောင်းမှ ဓာတုဗေဒဆရာ ပါမောက္ခ အာဒီလ်တာဆန်သည် ၂၀၁၆ ခုနှစ်တွင် ဖမ်းဆီးခံခဲ့ရပြီး ၂ နှစ်ကြာ ထိန်းသိမ်းခံရပြီးနောက် ၂၀၁၈ခုနှစ်တွင် ရှန်ဟိုင်းမြို့ရှိ ရှင်းရှိုးအကျဉ်းထောင်တွင် ထောင်ဒဏ် ၇နှစ် ချမှတ်ခံခဲ့သည်ဟု ယခု ဝီဂါတက်ကြွလှုပ်ရှားသူလည်းဖြစ် နော်ဝေအခြေစိုက် ဘာသာဗေဒပညာရှင်တစ်ဦးဖြစ်သည့် ကျောင်းသားဟောင်း အဗ္ဗဒူဝေလီအာရပ်က ပြောကြားခဲ့သည်။

ရှင်ကျန်းမှ ပျောက်ဆုံး/ အကျဉ်းချခံထားရသော ဝီဂါများကို မှတ်တမ်းတင်သည့် အဗ္ဗဒူဝေလီသည်၂၀၂၁ခုနှစ် ဧပြီလတွင် သြစတြေးလျ ရုပ်သံလွှင့်ကော်ပိုရေးရှင်းမှ ထုတ်ပြန်ခဲ့သည် ပေါက်ကြားလာသော တရုတ်အစိုးရ၏ သံသယဖြစ်ဖွယ် အကြမ်းဖက်သမား ၁၀ ၀၀၀ စာရင်းတွင် အာဒီလ်၏ ထောင်သွင်းအကျဉ်းချခံထားရခြင်းအကြောင်းကို တွေ့ရှိခဲ့သည်ဟု ဆိုသည်။

မှတ်တမ်းတွင်ပါဝင်သော လူ ၇၆၀၀ ကျော်သည် ဝီဂါတိုင်းရင်းသားများဖြစ်ပြီး ကျန်အများစုသည် တာကစ်မွတ်စလင်များဖြစ်ကြသည့် ကာဇတ်နှင့် ကာဂျစ်များဖြစ်ကြသည်။

အသက် ၅၀ သာသာရှိပြီဖြစ်သည့် အာဒီလ်သည် “နိုင်ငံ့ထူးချွန်ဆရာများ” အဖြစ် တရုတ်အစိုးရ၏ အသိအမှတ်ပြုမှုခံရသော်လည်း တရုတ်ဘာသာဖြင့်သင်ကြားခြင်းကိုနားမလည်သည့် ကျောင်းသားများကို ဝီဂါဘာသာစကားဖြင့် ပြောဆိုသင်ကြားသည့်အတွက် ရာဇဝတ်မှုမြောက်သည်ဟုဆိုကာ အာဏာပိုင်များ၏ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

၂၀၀၀ ပြည့်နှစ်အစောပိုင်းတွင် ရှင်ကျန်းပညာရေးအရာရှိများက ကျောင်းများတွင် ဝီဂါဘာသာ စကားနှင့်စာပေကို ဘာသာရပ်များအဖြစ်သင်ကြားရန်နှင့် မန်ဒရင်းကို အဓိကသင်ကြားမှုဘာသာရပ်အဖြစ် အသုံးပြုမည့် ဘာသာစကားနှစ်မျိုးပညာရေးမူဝါဒကို မိတ်ဆက်ခဲ့သည်။ အဆိုပါမူဝါဒကို အဓိကအားဖြင့် မန်ဒရင်း ဘာသာစကားကျွမ်းကျင်သည့် ဆရာများ ခန့်အပ်ထားသည့် မြို့ပြတိုင်းရင်းသား လူနည်းစု ကျောင်းများတွင် တဖြည်းဖြည်း အကောင်အထည်ဖော်ခဲ့သည်။

အဆိုပါ ပညာရေးမူဝါဒအသက်ဝင်ပြီးနောက် ဆယ်စုနှစ် ၂ ခုအကြာတွင် ဝီဂါဘာသာစကားဖြင့် သင်ကြားမှုကိုသာမက သူငယ်တန်းနှင့်ကျေးလက်စာသင်ကျောင်းများအပါအဝင် ကျောင်းအားလုံးနီးပါးတွင် စံပြဝီဂါဘာသာစကား ပြဋ္ဌာန်းစာအုပ်များ အသုံးပြုခြင်းကို ပိတ်ပင်လိုက်သည်။ သို့သော်လည်း အချို့ကျောင်းသားများက မန်ဒရင်းဘာသာဖြင့် သင်ကြားပို့ချချက်များကို နားမလည်နိုင်ကြသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly