စစ်ကောင်စီမှ တည်ဆောက်ရန်စီစဥ်နေသည့်ရေကာတာစီမံကိန်းများကို ကွန်ဟိန်းမြို့နယ် ဒေသခံများဆန္ဒပြ

စစ်ကောင်စီမှ တည်ဆောက်ရန်စီစဥ်နေသည့်ရေကာတာစီမံကိန်းများကို ကွန်ဟိန်းမြို့နယ် ဒေသခံများဆန္ဒပြ
Photo - Source From Citizen Journalist

မတ်လ ၁၄ ရက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကွန်ဟိန်းမြို့နယ်၊ နမ့်ပန်မြစ်ကမ်းဘေးကျေးရွာများမှ ဒေသခံပြည်သူများသည် ယနေ့ မတ်လ ၁၄ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာမြစ်ချောင်းများနေ့အထိမ်းအမှတ်အဖြစ် စစ်ကောင်စီမှ သံလွင်မြစ်ပေါ်တွင်တည်ဆောက်ရန်စီစဥ်နေသည့် ရေကာတာစီမံကိန်းများကို ကန့်ကွက်ဆန္ဒပြခဲ့ကြောင်းသိရသည်။

သံလွင်မြစ်၏ အဓိကမြစ်လက်တက်ဖြစ်သော နမ့်ပန်မြစ်ဘေးသဲသောင်ပြင်ပေါ်တွင် "Stop Damming On Slaween River" ဟူသောဆိုင်းဘုတ်များကိုင်ဆောင်ကာဒေသခံ ၁၀၀ ကျော် ဝန်းကျင်ခန့်က ဆန္ဒပြခဲ့ကြကြောင်း သိရသည်။

ရှမ်းပြည်နယ်အတွင်း၌ သံလွင်မြစ်ပေါ်တွင် စစ်ကောင်စီအစိုးရမှ ဧရာမရေကာတာကြီးသုံးခုတည်ဆောက်ရန်စီစဥ်နေပြီး နမ့်ပန်ချောင်းနှင့်သံလွင်မြစ်ဆုံရာတွင် တည်ဆောက်မည့် မီဂါဝပ် ၇၀၀၀ ထွက်ရှိမည့် မိုင်းတုံရေကာတာစီမံကိန်းလည်းပါဝင်သည်။

ရှမ်းပြည်မြစ်ချောင်းများအတွက်လုပ်ရှားမှုအဖွဲ့ကလည်း စစ်ကောင်စီ၏ ဝင်ငွေရလမ်းဖြစ်စေသော စွမ်းအင်တင်ပို့ရောင်းစားမည့် ရေကာတာစီမံကိန်းများတွင်ပူးပေါင်းနေမှုများကိုရပ်တန့်ရန် နိုင်ငံတကာကုမ္ပဏီများကို တောင်းဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required