ကလေးမြို့ ပင်မသပိတ် စစ်ကြောင်း ရက် ၄၀၀ မြောက် ချီတက်ဆန္ဒပြ

ကလေးမြို့ ပင်မသပိတ် စစ်ကြောင်း ရက် ၄၀၀ မြောက် ချီတက်ဆန္ဒပြ

မတ်လ ၁၄ ရက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့ ပင်မသပိတ် စစ်ကြောင်းသည် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ရက်ပေါင်း ၄၀၀ မြောက်အဖြစ်  ယနေ့ မတ်လ ၁၄ ရက်တွင် ချီတက် ဆန္ဒပြသည်။

“အမှန်တရားဖက်က ရဲရဲရပ်တည် အာဏာရှင်ကိုတော်လှန်ခဲ့တာ ရက်ပေါင်း (၄၀၀) ပြည့်ပြီ” “သွေးနဲ့ရေးတဲ့ ငါတို့ တော်လှန်ရေးက ကမ္ဘာ့သမိုင်းမှာ မော်ကွန်းတင် စေရမယ်” ဆိုသည့် စာတမ်းများကိုင်စွဲ၍ အာရုဏ်ဉီးတွင် ကြွေးကြော်သံများ သံပြိုင် ဟစ်ကြွေး ချီတက်ခဲ့ကြသည်။

ကလေးမြို့ပင်မ သပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့မှ စတင်၍ နေ့စဉ် မပျက်မကွက် ချီတက် ဆန္ဒပြနေခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required