ပေကျင်းဆောင်းရာသီအိုလံပစ်ပွဲတော်ကို တရုတ်က နိုင်ငံရေးရည်ရွယ်ချက်အတွက် အသုံးချရန် ကြိုးပမ်းခဲ့

ပေကျင်းဆောင်းရာသီအိုလံပစ်ပွဲတော်ကို တရုတ်က နိုင်ငံရေးရည်ရွယ်ချက်အတွက် အသုံးချရန် ကြိုးပမ်းခဲ့
Photo: EPA

၂၀၂၂ခုနှစ် ပေကျင်းဆောင်းရာသီအိုလံပစ်ပွဲတော်ကို နိုင်ငံရေးဇာတ်သွင်းခြင်းအတွက် အနောက်နိုင်ငံများကို တရုတ်က အပြစ်တင်နေသော်လည်း ကနေဒါအခြေစိုက် ပညာရှင်အဖွဲ့တစ်ခုက အစီရင်ခံစာတွင် အဆိုပါ အားကစားပွဲများကို တရုတ်က အိမ်ရှင်အဖြစ် နိုင်ငံရေးရည်ရွယ်ချက်အတွက် အသုံးချရန် ကြိုးပမ်းခဲ့ကြောင်း ပြောကြားခဲ့သည်။

၂၀၂၂ခုနှစ် ပေကျင်းဆောင်းရာသီအိုလံပစ်ပွဲတော်ကို အမေရိကန်ဦးဆောင်သည့် အနောက်နိုင်ငံများက သံတမန်ရေးအရ သပိတ်မှောက်ခဲ့သည်ကို စောင့်ကြည့်လေ့လာပြီးနောက် တရုတ်က အားကစားပွဲတွေကို နိုင်ငံရေးဇာတ်သွင်းနေကြောင်း အနောက်နိုင်ငံများကို စွပ်စွဲခဲ့သည်။

သို့သော် ပွဲတော်ကို နိုင်ငံရေးသြဇာလွှမ်းမိုးမှုကို ချဲ့ထွင်ရန် တရုတ်ကိုယ်တိုင်က နိုင်ငံရေးရည်ရွယ်ချက် ဖြင့် လုပ်ဆောင်ခဲ့သည်ဟု ကနေဒါအခြေစိုက် ပညာရှင်အဖွဲ့တစ်ခုဖြစ်သော လူ့အခွင့်အရေးနှင့် လုံခြုံရေးဆိုင်ရာ နိုင်ငံတကာဖိုရမ် (IFFRAS) က ဖော်ပြခဲ့သည်။

တရုတ်က လူနည်းစုများအပေါ် ကျူးလွန်သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် အထူးသဖြင့် ဗြိတိန်၊ ကနေဒါနှင့် သြစတြေးလျကဲ့သို့သော အနောက်နိုင်ငံများအတူ အမေရိကန်က အားကစား ပွဲများကို သံတမန်နည်းအရ သပိတ်မှောက်ခဲ့ခြင်းဖြစ်သည်။

သို့သော်အဓိကအားဖြင့် အာရှအလယ်ပိုင်း၊ အာဖရိက၊ အာရှ၊ ပင်လယ်ကွေ့၊ လက်တင်အမေရိကနှင့် အရှေ့ဥရောပတို့မှ နိုင်ငံပေါင်း၇၀ မှ သံတမန်ကိုယ်စားလှယ်များသည် တရုတ်တွင် ကျင်းပသည့် ၂၀၂၂ခုနှစ် ပေကျင်းဆောင်းရာသီအိုလံပစ်ပွဲဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ယင်းတို့ထဲမှ ၃၀ သည် နိုင်ငံတော် အကြီးအကဲများ သို့မဟုတ် တော်ဝင်မိသားစုများဖြစ်ကြောင်း ပညာရှင်အဖွဲ့မှ သတင်းထုတ်ပြန်ခဲ့သည်။

တရုတ်ဘက်မှ အခွင့်ကောင်းကို အသုံးချ၍ တရုတ်၏ နိုင်ငံရေး သြဇာအာဏာကို မြှင့်တင်ရန်နှင့် အနောက်ဆန့်ကျင်ရေး နိုင်ငံများကို နေရာပေးရန် ရည်ရွယ်ချက်ဖြင့် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တော်ဝင်မိသားစုများ သို့မဟုတ် နိုင်ငံ့ခေါင်းဆောင်များ အကြား နှစ်နိုင်ငံတွေ့ဆုံပွဲများ အများအပြားကျင်းပခဲ့ပြီး 'ခါးပတ်လမ်းသစ်စီမံကိန်း(BRI)' ကို မြှင့်တင်ရန်၊ တရုတ်နိုင်ငံ၏ နိုင်ငံရေး-စီးပွားရေး အစီအစဉ်ကို တွန်းအားပေးပြီး မဟာဗျူဟာမြောက် ဆက်ဆံရေးကို မြှင့်တင်ခဲ့သည်။

အဆိုပါအစည်းအဝေးများ၏ အစီအစဉ်နောက်တွင် ပူးတွဲထုတ်ပြန်ချက်များနှင့် နှစ်နိုင်ငံသဘော တူညီချက် များကို လက်မှတ်ရေးထိုးခြင်းမှာ BRI ဖွံ့ဖြိုးတိုးတက်ရေးတွင် ပူးပေါင်းဆောင်ရွက်ရန်ဖြစ်သည်ဟု အစီရင် ခံစာတွင် ထည့်သွင်းဖော်ပြထားသည်။

တရုတ်ပြည်တွင်း သဘောထားကွဲလွဲမှုများကြောင့် ရှီကျင့်ဖျင်သည် ၎င်း၏ သြဇာလွှမ်းမိုးမှုတိုးမြှင့်ရေး အစီအစဉ် ကို ရှေ့ဆက်ဆောင်ရွက်ရန် ပေကျင်းအိုလံပစ် အားကစားပွဲတော်ကို အသုံးခဲ့ကြောင်း အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required