တိဗက်ကို နှစ်ပေါင်း ၇၀ အုပ်ချုပ်ပြီးနောက် တရုတ်တို့ မည်သည့်အရာကို ရရှိသနည်းဟု အဝေးရောက် တိဗက်ပါလီမန်အဖွဲ့ဝင်ဟောင်းက မေးခွန်းထုတ်

By ANI
14 March 2022
တိဗက်ကို နှစ်ပေါင်း ၇၀ အုပ်ချုပ်ပြီးနောက် တရုတ်တို့ မည်သည့်အရာကို ရရှိသနည်းဟု အဝေးရောက် တိဗက်ပါလီမန်အဖွဲ့ဝင်ဟောင်းက မေးခွန်းထုတ်
Photo: EPA

တိဗက်ကို နှစ်ပေါင်း ၇၀ ကြာအုပ်ချုပ်ပြီးသည့်အခါ တရုတ်အစိုးရအနေဖြင့် အကောင်အထည်ပြစရာ မည်သည့်အရာတို့ကို ရှိသနည်းဟု အဝေးရောက်တိဗက်ပါလီမန်အဖွဲ့ဝင်ဟောင်းက မေးခွန်းထုတ်လိုက်သည်။

“မတ်လ ၁၀ ရက်နေ့မှာ တရုတ်က တိဗက်ရဲ့ ငြိမ်းချမ်းသောလွတ်မြောက်ခြင်း နှစ် ၇၀ ပြည့်အခမ်းအနားကို ကျင်းပနေပါတယ်။ တိဗက်လူမျိုး ၁၀၀ ၀၀၀ ကျော်ဟာ သူတို့နိုင်ငံကို ကာကွယ်ရင်းသေဆုံးခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ နှစ်ပေါင်း ၇၀ အတွင်းမှာ တိဗက်လူမျိုး ၁ သန်းကျော် သေဆုံးခဲ့ကြပါတယ်” ဟု ခီဒရော့သွန်ဒပ် က ဆိုသည်။

နှစ်ပေါင်း ၇၀ ကျော်အုပ်ချုပ်ပြီးသည့်တိုင် တိဗက်လူမျိုးများသည် တရုတ်လူမျိုးများကို မုန်းတီးကြကြောင်း၊ အလားတူ တိဗက်ကေဒါများကိုလည်း တရုတ်က အယုံအကြည်မရှိကြဘဲ ဒုတိယနိုင်ငံသားအဖြစ်သာ သဘောထားကြောင်း သွန်ဒပ်ကပြောသည်။

သွန်ဒပ်ကတိဗက်လွတ်မြောက်ရေးအတွက် ထပ်တလဲလဲပြောဆိုလျက် တိဗက်လူမျိုးများသည် ၎င်းတို့၏ ကိုယ်ပိုင်ကံကြမ္မာကို ရွေးချယ်ခွင့်ရှိကြောင်းနှင့် လာဆာနှင့်ရှီဂါဆဲကဲ့သို့သော မြို့ကြီးများတွင် ဟန်တရုတ်လူမျိုးများ အခြေချလာကြကာ တိဗက်လူမျိုးများမှာ လူနည်းစုသာရှိတော့ကြောင်း ပြောသည်။

တိဗက်လူမျိုးများ တရုတ်လက်အောက်ခံ လုံးဝဖြစ်သွားစေသည်အထိ တိဗက်ယဉ်ကျေးမှုကို စနစ်တကျ ဆုတ်ယုတ်ကျဆင်းအောင် တရုတ်ကလုပ်ဆောင်နေမှုကိုလည်း သွန်ဒပ်က မေးခွန်းထုတ်ခဲ့သည်။

တရုတ်သည် တိဗက်လူမျိုးများ၏စိတ်ကို ထိန်းချုပ်သည့်ပြိုင်ပွဲတွင် ရှုံးနိမ့်ခဲ့ပြီး ဘုန်းတော်ကြီး ဒလိုင်းလားမားသည်သာ တိဗက်ပြည်သူများ၏နှလုံးသားတွင် ကိန်းအောင်းနေကြောင်း သွန်ဒပ်က ပြောဆိုခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required