ဖုန်းမော်ကျဆုံးမတ်လ ၁၃၊ ငါတို့မမေ့ တော်လှန်သောနေ့

ဖုန်းမော်ကျဆုံးမတ်လ ၁၃၊ ငါတို့မမေ့ တော်လှန်သောနေ့

ဖုန်းမော်ကျဆုံးမတ်လ ၁၃၊ ငါတို့မမေ့ တော်လှန်သောနေ့ ဟစ်ကြွေးမှုတွေနဲ့အတူ " Freedom Is Not  Free " လွတ်မြောက်ခြင်းသည် အလကားမရ Banner ကိုကိုင်စွဲပြီး အနောက်မြောက်လွင်ပြင်၊ လက်ပံတောင်းတောင်ဒေသက လူထုသပိတ်စစ်ကြောင်း ချီတက်ခဲ့ကြပါတယ်။

 

ကိုစိုးနိုင်၊ ကိုဖုန်းမော်တို့နှင့်အတူ ခေတ်အဆက်ဆက်သမိုင်းမှာ ကျဆုံးခဲ့ရတဲ့ အာဇာနည်သူရဲကောင်း အပေါင်းနှင့် နွေဦးတော်လှန်ရေးတိုက်ပွဲအတွင်း ​ကျဆုံးခဲ့ရသူ ဒီမိုကရေစီ သူရဲကောင်းတွေကို ဝမ်းနည်းခြင်းခေတ္တခဏတိတ်ဆိတ်ငြိမ်သက်ကာ ဂါရဝထားဦးညွှတ်ခဲ့ပြီး ဂုဏ်ပြုခဲ့ကြပါတယ်။

 

စစ်အာဏာရှင်စနစ်ရဲ့ ဆိုးညစ်ယုတ်မာမှုတွေကို ကြံ့ကြံ့ခံကာ ယနေ့ချိန်ထိ မပြီးဆုံးသေးတဲ့ ဒီမိုကရေစီအရေးတော်ပုံ တိုက်ပွဲကိုပါဝင်ဆင်နွှဲကြဖို့ လူထုတစ်ရပ်လုံးကို တိုက်တွန်းခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly