အရာတော်မြို့နယ် စစ်အာဏာရှင် ဆန့်ကျင်ရေး ညနေခင်း သပိတ်စစ်ကြောင်း

အရာတော်မြို့နယ် စစ်အာဏာရှင် ဆန့်ကျင်ရေး ညနေခင်း သပိတ်စစ်ကြောင်း
Photo - Source From Citizen Journalist

မတ်လ ၁၃ ရက်

စစ်ကိုင်းတိုင်း ၊ အရာတော်မြို့နယ် လူထုသပိတ် ဦးဆောင် ကော်မတီက ဦးဆောင်၍ “လူ့အခွင့်ရေး  ပြန်လည် ရရှိရေး ” ၊ “ လူမဆန်တဲ့ ဖိနှိပ်မှုတွေ ချက်ချင်းရပ်” စသည့် ကြွေးကြော်သံများဖြင့် ယနေ့ မတ်လ ၁၃ ရက် ညနေခင်းတွင် အရာတော်မြို့နယ်  ကျေးရွာတစ်ရွာ၌ လူထု သပိတ်စစ်ကြောင်း ချီတက် ကြသည်။

အကြမ်းဖက် စစ်ကောင်စီက အင်တာနက်လိုင်းများ ဖြတ်တောက်၍ သတင်း အမှောင် ချထားခြင်း ခံထားရသည့် ကြားမှ ယခုကဲ့သို့ လူထု သပိတ်စစ်ကြောင်းကို ရအောင် ချီတက်ကြခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required