နှစ်ပေါင်း ၇၀ ကြာ သိမ်းပိုက်ခံထားရသည့် တိဗက်

By Taipei Times
13 March 2022
နှစ်ပေါင်း ၇၀ ကြာ သိမ်းပိုက်ခံထားရသည့် တိဗက်

၁၉၅၀ ခုနှစ်က တရုတ်သည် “ငြိမ်းချမ်းသောလွတ်မြောက်ရေး” ဟူသော မူမမှန်သောအကြောင်းပြချက်ဖြင့် တိဗက်ကိုကျူးကျော်ဝင်ရောက်လာချိန်တွင် တိဗက်လူမျိုးများသည် လုံးဝ အငိုက်မိသွားခဲ့ကာ မိမိကိုယ်ကို ခုခံကာကွယ်ရန် အဆင်သင့်မဖြစ်ခဲ့ပေ။ ပြင်ပကမ္ဘာနှင့် အဆက်အစပ်မရှိသောကြောင့် ထိုအချိန်က မည်သည့်နိုင်ငံကမှ မကူညီနိုင်ခဲ့ကြပေ။

ယနေ့အချိန်တွင် တရုတ်နိုင်ငံသည် တိဗက်၏ ငြိမ်းချမ်းသောလွတ်မြောက်ရေး နှစ် ၇၀ ပြည့် အခမ်းအနားကို ကျင်းပနေသည်။ တိဗက်လူမျိုး ၁၀၀၀၀၀ ကျော်သည် ၎င်းတို့နိုင်ငံကို ကာကွယ်ရင်း သေဆုံးခဲ့ကြကာ လွန်ခဲ့သော နှစ် ၇၀ အတွင်း တိဗက်လူမျိုး ၁ သန်းသေဆုံးခဲ့သည်။

တိဗက်ရှိ တိဗက်လူမျိုးများသည် တရုတ်ကို မုန်းတီးကြသလို တရုတ်တို့ကလည်း တိဗက်ကေဒါများကိုလည်း အယုံအကြည်မရှိသည့်အပြင် ဒုတိယတန်းစား နိုင်ငံသားများအဖြစ် သဘောထားကြသည်။

ဘာသာရေးလွတ်လပ်ခွင့်မရှိသလို လွတ်လပ်စွာပြောဆိုခွင့် သို့မဟုတ် လှုပ်ရှားခွင့် လုံးဝမရှိချေ။ လွန်ခဲ့သည့် ၁၀ နှစ်အတွင်း တိဗက်လူမျိုးတစ်ဦးတစ်ယောက်မှ တရုတ်နိုင်ငံကူးလက်မှတ် မရခဲ့ကြပေ။ တိဗက်များသည် စစ်ဆေးမေးမြန်းခြင်းမခံရဘဲ တရုတ်သို့ သွား၍မရပေ။

ယခုအခါ တိဗက်ရှိ လာဆာနှင့် ရှီဂါဆဲကဲ့သို့သောမြို့ကြီးများတွင် ဟန်တရုတ်လူမျိုး အခြေချနေထိုင်သူများနှင့် ပြည့်နှက်နေပြီး တိဗက်များမှာ လူနည်းစုအနေဖြင့်သာ ရှိတော့သည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် အချက် ၁၇ ချက်ပါ သဘောတူညီချက်လက်မှတ်ရေးထိုးမှုနှင့်တိဗက်ကို ငြိမ်းချမ်းစွာလွတ်မြောက်စေခြင်း နှစ် ၇၀ ပြည့်အထိမ်းအမှတ်ကျင်းပရန် မကြာသေးမီက တိဗက်သို့ သွားရောက်ခဲ့သည်။

သို့သော် ခရီးစဉ်တစ်ခုလုံးနှင့်ဆွေးနွေးပွဲများတွင် အချက် ၁၇ ချက်ပါ သဘောတူညီချက်အကြောင်း လုံးဝ မဖွင့်ဟခဲ့သလို ငြိမ်းချမ်းရေးအကြောင်းလည်း များစွာ ထည့်သွင်း မပြောဘဲ လွတ်မြောက်ရေး ဟူသော စကားလုံးကိုသာ တွင်တွင်ပြောခဲ့သည်။

တရုတ်သည် တိဗက်လူမျိုးများ၏ ရှေ့မှောက်တွင် ၎င်းတို့ခန့်အပ်ထားသော ပန်ချန်လားမား၏ ပုံရိပ်ကို မြှင့်တင်ရန် ကြိုးပမ်းနေပြီး တစ်နေ့တွင် ဒလိုင်းလားမားနေရာကို အစားထိုးနိုင်မည်ဟု ယူဆနေသည်။

တိဗက်လူမျိုးများက ထိုသူအား ဘယ်တော့မှ လက်ခံမည်မဟုတ်သောကြောင့် ဤနည်းဗျူဟာသည် အလုပ်မဖြစ်ပေ။

တိဗက်လူမျိုးများ၏ နှလုံးသားနှင့်စိတ်ကို မသိမ်းပိုက်နိုင်ခဲ့သောကြောင့် အနှစ် ၇၀ ကြာ သိမ်းပိုက်မှုသည် တရုတ်နိုင်ငံအတွက် အချည်းနှီးပင်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly