အာဏာရှင်ဆန့်ကျင်ရေးလက်ပံတောင်းတောင်ဒေသ သပိတ်အင်အားစုရဲ့  တစ်နှစ်ပြည့်

အာဏာရှင်ဆန့်ကျင်ရေးလက်ပံတောင်းတောင်ဒေသ သပိတ်အင်အားစုရဲ့  တစ်နှစ်ပြည့်

မတ်လ ၁၂ ရက်

"Freedom Is Not  Free" လွတ်မြောက်ခြင်းသည် အလကားမရ။

ကျဆုံးသွားသူတွေအတွက် အနီရောင်နှင်းဆီပန်းများနဲ့ ဂုဏ်ပြုခဲ့ကြပြီး အနီရောင်အင်္ကျီများဝတ်ဆင်ကာ အာဏာရှင်ကိုဆန့်ကျင်ကြောင်း ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

ယနေ့ဆိုရင် အာဏာရှင်ဆန့်ကျင်ရေးလက်ပံတောင်းတောင်ဒေသ သပိတ်အင်အားစုရဲ့  တစ်နှစ်ပြည့်မြောက်တဲ့နေ့ ဖြစ်သလို ရက်ပေါင်း (၃၁၂) ရက်မြောက်နေ့လည်း ဖြစ်ပါတယ်ခင်ဗျာ။

စစ်အာဏာသိမ်းမှုက ၁၃ လကျော်ကြာခဲ့ပြီ။ စနစ်ဆိုးနဲ့အတူ အာဏာရှင်အပေါင်းပါတို့ ကျရှုံးချိန်ထိ ဆက်လက်တော်လှန်သွားမှာပဲ ဖြစ်ပါတယ်။

ကျရှုံးခြင်းဟာ အာဏာရှင်ပဲဖြစ်ရမယ်။ ကျနော်တို့ပြည်သူများရဲ့ စုပေါင်းအားနဲ့

ဒီတိုက်ပွဲကို အနိုင်ယူပြီး ဖက်ဒရယ်ပြည်ထောင်စုတိုင်းပြည်ကို တည်ဆောက်သွားမှာ ဖြစ်တယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required