မတ်လ ၁၂ ရက် စစ်ကိုင်းတိုင်း၊ ကလေးမြို့ ပင်မသပိတ် စစ်ကြောင်းသည် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ရက်ပေါင်း ၃၉၈ မြောက်အဖြစ် ယနေ့ မတ်လ ၁၂ ရက်တွင် ချီတက် ဆန္ဒပြသည်။ ယင်းပင်မ သပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့မှ စတင်၍ နေ့စဉ် မပျက်မကွက် ချီတက် ဆန္ဒပြနေခြင်း ဖြစ်သည်။