တရုတ်ဟက်ကာများက အမေရိကန်ပြည်နယ် ၆ ခုထက်မနည်းကို ပစ်မှတ်ထားတိုက်ခိုက်

တရုတ်ဟက်ကာများက အမေရိကန်ပြည်နယ် ၆ ခုထက်မနည်းကို ပစ်မှတ်ထားတိုက်ခိုက်

ဝက်ဘ်ပရိုဂရမ်များရှိ အားနည်းချက်များကို အသုံးချနေသော တရုတ်နိုင်ငံနှင့်ချိတ်ဆက်ထားသည့် ဟက်ကာများက အနည်းဆုံး အမေရိကန်ပြည်နယ် ၆ ခုကို ပစ်မှတ်ထားခဲ့ကြောင်း ဆိုက်ဘာလုံခြုံရေးကုမ္ပဏီ Mandiant က မတ်လ ၈ ရက်တွင် ပြောသည်။

နာမည်ဆိုးဖြင့်ကျော်ကြားသော တရုတ်ဟက်ကာအဖွဲ့ APT41 သည် ကျားကုတ်ကျားခဲ တက်ညီလက်ညီဖြင့် အမေရိကန်ပြည်နယ်များကို ပစ်မှတ်ထားနေကြောင်း Mandiant အစီရင်ခံစာတစ်ခုအရ သိရသည်။

ပြီးခဲ့သည့်မေလမှဖေဖော်ဝါရီလအထိ APT41 သည် သည် တိရစ္ဆာန်ကျန်းမာရေးသတင်းအက်ပ် အပါအဝင် အင်တာနက်အသုံးပြုမှုပရိုဂရမ်များရှိ အားနည်းချက်များကို အသုံးချခြင်းဖြင့် အနည်းဆုံး ပြည်နယ်အစိုးရကွန်ရက် ၆ ခုကို တိုက်ခိုက်ခဲ့ကြောင်း Mandiant က ဆိုသည်။

ကမ္ဘာလုံးဆိုင်ရာ ဟက်ကာအဖွဲ့သည် ငွေပေးရန်အကျပ်ကိုင်ခြင်း၊ အစိုးရကွန်ရက်များကို အပေးအယူ လုပ်ခြင်းနှင့် ဟောင်ကောင်တက်ကြွလှုပ်ရှားသူများကို သူလျှိုလုပ်ခြင်းဖြင့် ကုမ္ပဏီဆာဗာများကို ပစ်မှတ်ထားနေကြောင်း အမေရိကန်အာဏာပိုင်များက စွပ်စွဲထားသည်။

တရုတ်နိုင်ငံသား ၅ ဦးပါဝင်သော ၇ ဦးပါအဖွဲ့သည် ကမ္ဘာတစ်ဝှမ်းရှိ ကုမ္ပဏီပေါင်း ၁၀၀ ကျော်ကို ဆိုက်ဘာတိုက်ခိုက်မှုတွင် ပါဝင်ပတ်သက်မှုဖြင့် ၂၀၂၀ ခုနှစ်နှောင်းပိုင်းတွင် အမေရိကန်တရားရေးဌာနက တရားစွဲဆိုမှုကို ခံရသည်။

ပစ်မှတ်များတွင် ကွန်ပျူတာ ဟာ့ဒ်ဝဲထုတ်လုပ်သူများ၊ ဆက်သွယ်ရေးဝန်ဆောင်မှုပေးသူများ၊ ဆိုရှယ်မီဒီယာကုမ္ပဏီများ၊ ဗီဒီယိုဂိမ်းကုမ္ပဏီများ၊ အကျိုးအမြတ်မယူသောအဖွဲ့အစည်းများ၊ တက္ကသိုလ်များ၊ တတ်သိပညာရှင်အဖွဲ့များ၊ ပြည်ပအစိုးရများနှင့် ဒီမိုကရေစီလိုလားသော နိုင်ငံရေးသမားများ ပါဝင်ကြောင်း တရားရေးအရာရှိများက ပြောသည်။

တရုတ်သည် အမေရိကန်အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍကွန်ရက်များအတွက် အကျယ်ပြန့်ဆုံး၊ အလှုပ်ရှားဆုံးနှင့် အဆက်မပြတ်သော ဆိုက်ဘာသူလျှိုခြိမ်းခြောက်မှုဖြစ်ကြောင်း အမေရိကန် အမျိုးသားထောက်လှမ်းရေးဒါရိုက်တာရုံးမှ ယခုသီတင်းပတ်တွင် ထုတ်ပြန်သော ခြိမ်းခြောက်မှုအကဲဖြတ်အစီရင်ခံစာတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly