အထီးကျန်လာသည့် ရုရှားနှင့် ဆက်ဆံရေးကို တရုတ်ကန့်သတ်လာ

အထီးကျန်လာသည့် ရုရှားနှင့် ဆက်ဆံရေးကို တရုတ်ကန့်သတ်လာ

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ခိုင်မာသော ဆက်ဆံရေးရှိပြီး ပိတ်ဆို့အရေးယူမှုများနှင့် ပတ်သက်၍ အနောက်နိုင်ငံများကို ဝေဖန်နေသော်လည်း အကူအညီပေးရန် ခြေလှမ်းမစသေးပေ။

တရုတ်ဦးဆောင်သော ဖွံ့ဖြိုးတိုးတက်ရေးဘဏ်ဖြစ်သည့် အာရှအခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) သည် ရုရှား၊ ဘီလာရုစ်တို့နှင့် စီးပွားရေးအားလုံးကို မတ် ၃ ရက်က ဆိုင်းငံ့ထားခဲ့ခြင်းက တရုတ်နှင့် ရုရှားအကြား ဆက်ဆံရေးအကန့်အသတ်ရှိသည့် လက္ခဏာဖြစ်သည်ဟု Radio Free Europe က ဖော်ပြခဲ့သည်။

အလားတူပင် ရှန်ဟိုင်းအခြေစိုက် New Development Bank သည်လည်း ရုရှားနှင့် လုပ်ငန်းများ ရပ်ဆိုင်း ခဲ့သည်။

ယူကရိန်းတွင် ဆက်လက်လုပ်ဆောင်နေသည့် စစ်ဆင်ရေးများကြောင့် PayPal၊ American Express အပါအဝင် ကုမ္ပဏီအများအပြားသည် ရုရှားနှင့် ဘီလာရုစ်တို့တွင် ယင်းတို့၏ လုပ်ငန်းများကို ဆိုင်းငံ့ထားကြောင်း မတ်လ ၆ရက်က ကြေညာခဲ့သည်။

အကြွေးဝယ်ကဒ်နှင့် ငွေပေးချေမှုလုပ်ငန်းကြီး Mastercard နှင့် Visa တို့သည် ရုရှားတွင် လုပ်ငန်းလည် ပတ်မှုများကို ရပ်ဆိုင်းထားကြောင်းနှင့် ရုရှားဘဏ်များမှ ထုတ်ပေးသော ယင်းတို့၏ကဒ်များသည် နိုင်ငံပြင်ပတွင် အသုံးပြုနိုင်တော့မည်မဟုတ်ကြောင်း ကြေညာပြီး တစ်ရက်အကြာတွင် ယင်းကိစ္စ ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ယူကရိန်းပြည်သူများကို ရုရှား၏ တရားမျှတမှုမရှိသည့် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် American Express က ရုရှားမှာရှိတဲ့ လုပ်ငန်းအားလုံးကို ရပ်ဆိုင်းလိုက်သည်။

ထို့ကြောင့် တစ်ကမ္ဘာလုံးအတွက် ထုတ်ပေးထားသော American Express ကတ်များသည် ရုရှားရှိ ကုန်သည် များ သို့မဟုတ် ATM စက်များတွင် အလုပ်မလုပ်တော့ကြောင်း American Express ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထာ းသည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ဆောင်းရာသီအိုလံပစ်ပွဲတော်အတွင်း ဥက္ကဌ ရှီကျင့်ဖျင်နှင့် ၂ နှစ်ကျော် အတွင်း ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင်တွေ့ဆုံမှုတွင် တရုတ်နှင့် ရုရှားအကြား ဆက်ဆံရေး အားကောင်း လာစေရန် ဖေဖော်ဝါရီ ၅ ရက်က တွေ့ဆုံချိန်တွင် အလေးထားပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly