“ဣထ္ထိယတွေ ရှေ့သို့ချီ အကြမ်းဖက်မှုကို အမြစ်ဖြတ်မည်” ရွာပေါင်းစုံ သပိတ်စစ်ကြောင်း ၃၆၄ ရက်မြောက် ချီတက်ဆန္ဒပြ

“ဣထ္ထိယတွေ ရှေ့သို့ချီ အကြမ်းဖက်မှုကို အမြစ်ဖြတ်မည်” ရွာပေါင်းစုံ သပိတ်စစ်ကြောင်း ၃၆၄ ရက်မြောက် ချီတက်ဆန္ဒပြ
Photo - Source From Citizen Journalist

မတ်လ ၉ ရက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ ရွာများ စုပေါင်း၍ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြမှု ၃၆၄ေ ရက်မြောက်အဖြစ် ယနေ့ မတ်လ ၉ ရက်တွင် ချီတက်ဆန္ဒပြ ကြသည်။

“ဣထ္ထိယတွေ ရှေ့သို့ချီ အကြမ်းဖက်မှုကို အမြစ်ဖြတ်မည်” စာတမ်း ကိုင်စွဲပြီး အမျိုးသမီးများ ဉီးဆောင် ချီတက်ကာ ကြွေးကြော်သံများ ဟစ်ကြွေးခဲ့ ကြသည်။

ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းနှင့် ယင်းမာပင်မြို့နယ် အရှေ့ခြမ်းရှိ ရွာပေါင်းစုံ သပိတ် စစ်ကြောင်းသည် ၂၀၂၁ ခုနှစ် မတ်လ ၉ ရက်နေ့မှ စတင် ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required